၂၉. ၈. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံက လူစည်ကားတဲ့ ပတ္တရားမြို့မှာ မကြာသေးမီက လိမ်လည်လှည့်ဖြားသူတွေဟာ ရဲတွေလိုမျိုးဟန်ဆောင်ကာ ဆိုင်ရှင်တွေကို တရားမဝင်ပစ္စည်းတွေကို ရောင်းချနေလို့ဆိုပြီး ဒဏ်ကြေးအများအပြားပေးဆောင်ဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလိမ်တဲ့သူတွေဟာ မြန်မာနိုင်ငံက စားသုံးသူတွေအတွက် အဓိကရည်ရွယ်ဖွင့်လှစ်ထားတဲ့ မြန်မာစားသောက်ကုန်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တွေကို အဓိကထား လိမ်လည်ခဲ့တာပါ။

ခုလိုအသေးစိတ်လှတဲ့ လှည့်ဖြားမှုမှာ ရဲအတုတွေက တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေကို စစ်ဆေးဖို့လာတဲ့ အသွင်ဆောင်ပြီး ဆိုင်တွေဆီသွားကာ ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိတဲ့ ကုန်ပစ္စည်းတွေ ရောင်းချနေတာကြောင့် ဖမ်းဆီးခြင်းခံရနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ဆိုင်ရှင်တွေကလည်း ဘတ် ၂၀၀၀ လောက်ကနေ ၂၀၀၀၀ အထိ ပေးဆောင်ခဲ့ရကာ လိမ်လည်သူတွေက လစဉ် ဒဏ်ကြေးပေးဆောင်ဖို့အထိပါ အတင်းအကြပ် လိမ်တောင်းခဲ့ကြပါတယ်။

အဲ့ဒါကြောင့် အလိမ်ခံရတဲ့ မြန်မာစားသောက်ကုန်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်ရှင်တွေက မသင်္ကာတော့လို့ သတိရှိရှိနဲ့ပဲ ပတ္တရားရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ကြပြီး ရဲစခန်းက ရဲတွေကတော့ လိမ်လည်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားကာ အမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲအတုတွေက တကယ့်အရာရှိတွေမဟုတ်ဘူးလို့လည်း အတည်ပြုခဲ့သလို စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; The Thaigers

Leave a Reply

Your email address will not be published. Required fields are marked *