ဓာတ်ပုံ-အေးချမ်းဖြူစင်မေတ္တာရှင် ပရဟိတအသင်း

၂၈. ၈. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ လူမှုကူညီရေးအသင်းတစ်သင်းရဲ့ လူနာတင်ယာဉ်တစ်စီး ဓာတ်ဆီထည့်ပြီးဆိုင်ထဲကနေပြန်အထွက်မှာ အောက်ဆီဂျင်အိုးကနေတစ်ဆင့် ယာဉ်မီးလောင်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၂၈ ရက်နနံနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူမှုကူညီကယ်ဆယ်ရေးအသင်းကားဟာ တောင်ဥက္ကလာပမြို့နယ်အခြေစိုက် အေးချမ်းဖြူစင်မေတ္တာရှင်အသင်းကားဖြစ်ပြီး အာရှတော်ဝင်ဆေးရုံမှ ဆေးရုံဆင်း လူနာကို ဖျာပုံမြို့ဆီ ပြန်လည်ပို့ဆောင်ဖို့အသွား လမ်းမှာ အခုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-28_16-15-44-1024x768.jpg

“ဆီဆိုင်ကအထွက် လူနာ အောက်ဆီဂျင်ပြတ်သွားတဲ့အတွက် အောက်ဆီဂျင်အိုးချိန်းရာကနေ မီးလောင်တာ။ ကားတစ်စီးလုံးကုန်တဲ့အပြင် ကားထဲမှာထည့်ထားတဲ့ ငွေ ၁၃ သိန်းလည်းလောင်သွားတယ် ပြောတယ်” လို့ လှိုင်သာယာမြို့နယ် အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုပါတယ်။

သူနာတင်ယာဉ်ပေါ် ပါလာတဲ့ လူနာနဲ့ အသင်းသားတွေ ထိခုက်ိမှုမရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်မှုကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီးနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၀ ခန့်မှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-အေးချမ်းဖြူစင်မေတ္တာရှင် ပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *