၂၈. ၈. ၂၀၂၃
Translated by Htwe Ko Tun

လစ်ဗျားအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး နက်ဂျ်လာ အယ်လ်မန်ဂို့ရှ်သည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဖြစ်သူနှင့် တရားမဝင်တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့အပြီးတွင် လစ်ဗျားနိုင်ငံအတွင်း မကျေမနပ် ဆန္ဒပြမှုများဖြစ်ပွားလာရပြီး လစ်ဗျားဝန်ကြီးချုပ်ကလည်း နိုင်ငံခြားရေးဝန်ကြီးအား တာဝန်မှရပ်စဲကြောင်း ဩဂုတ် ၂၇ ရက်တွင် ကြေညာခဲ့သည်။

လစ်ဗျားအစိုးရက အစ္စရေးနိုင်ငံအား အသိအမှတ်ပြုခြင်းမရှိဘဲ ပါလက်စတိုင်းတို့ဘက်မှ ထောက်ခံအားပေးသည့်နိုင်ငံဖြစ်သည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီကိုဟင်က လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက ၎င်းတို့နှစ်ဦး၏တွေ့ဆုံဆွေးနွေးမှုကို နှစ်နိုင်ငံအကြား ဆက်ဆံရေးထူထောင်ရန် သမိုင်းတွင်မည့် ပထမဆုံးသောခြေလှမ်းတစ်ရပ်အဖြစ် သုံးသပ်ပြောကြားခဲ့သော်လည်း လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး နက်ဂျ်လာ အယ်လ်မန်ဂို့ရှ်မှာ တာဝန်မှရပ်စဲခံခဲ့ရပြီး ထိုသို့တွေ့ဆုံမှု သတင်းထွက်ပေါ်လာပြီးနောက် ဩဂုတ်လ ၂၇ ရက်မှာပင် ထရီပိုလီနှင့် အခြားမြို့ကြီးအချို့၌ ဆန္ဒပြမှုများဖြစ်ခဲ့ရသည်။

This image has an empty alt attribute; its file name is photo_2023-08-28_15-38-05-1024x576.jpg

ပါလီမန်ဥက္ကဋ္ဌရုံးက မစ္စက် နက်ဂျ်လာ အယ်လ်မန်ဂို့ရှ်အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲခဲ့ကာ ဝန်ကြီးချုပ် အဗ္ဗဒူလ် ဟာမစ် ဒီဘေဘားက ၎င်းအားစုံစမ်းစစ်ဆေးမှုပြုစေခဲ့သည်။နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက အီတလီနိုင်ငံ၊ ရောမမြို့တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်ကာ နှစ်နိုင်ငံအကြားဆက်ဆံရေးအတွက် ကြီးမားသောအလားအလာတစ်ရပ်အဖြစ် ၎င်းတို့ကတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဩဂုတ်လ ၂၇ ရက် ညနေပိုင်းတွင် လစ်ဗျား၌ ဆန္ဒပြသမားအချို့က လမ်းများကိုပိတ်ဆို့ တာယာများကိုမီးရှို့ကာ ပါလက်စတိုင်းအလံများကိုင်ဆောင်လျက် မြို့ကြီးများတွင်စတင်ဆန္ဒပြခဲ့ကြသည်။ အဆိုပါဆန္ဒပြမှုများက လစ်ဗျားအနေဖြင့် အစ္စရေးနှင့်ပုံမှန်ဆက်ဆံရေးထူထောင်မှုကို မလိုလားဟု ပြသသကဲ့သို့လည်းရှိခဲ့သည်။

Ref—-BBC

Leave a Reply

Your email address will not be published. Required fields are marked *