April 28, 2024

ကံရွာမီးလောင်မှုဖြစ်စဥ်အား တွေ့ရစဥ်

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၈၆၈)၊ ကံရွာ(ဒေသအခေါ်)တွင် နိုဝင်ဘာ ၃ ရက် ညနေပိုင်း တစ်နာရီကျော်ကြာမီးလောင်မှုကြောင့် ကျပ်သိန်း ၇၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၆၀ ခန့် အိုးအိမ်မဲ့ခဲ့ရကြောင်း သိရသည်။

“အိမ်ထောင်စု ၆၀ ခန့်၊ လူဦးရေ ၂၀၀ ခန့်ရှိပါတယ်။ သူတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားမှုနဲ့ မီးဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ပြည်သူတွေကို ပြန်လည် နေရာချထားရေးအတွက် တတ်နိုင်သလောက် ကြိုးပမ်းပဆောင်ရွက်နေပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း အိမ်ခြေ ၄၂ လုံး၊ နွား ၄ကောင်၊ တန်ဖိုး ၆၈၆၄၃၀၀၀ ကျပ်ခန့်နှင့် စုစုပေါင်းဆုံးရှုံးမှု ကာလတန်ဖိုး ၇၁၄၄၃၀၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုးခဲ့ပြီး မီးဘေးသင့်ပြည်သူများကို ယခုထိ စိစစ်လျှက်ရှိကာ အိမ်ထောင်စု ၆၀ စုခန့်၊ လူဦးရေ ၂၀၀ ခန့်လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းမီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီး၍ နေရာချထားပေးရေးများကို စိစစ်ဆောင်ရွက်လျက်ရှိပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် တရားခံကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် သတ်ဆိုင်ရာအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *