MT News
Written by Min Mahar
ကလေးမြို့နယ်၊ ကျောက်ကုန်းကျေးရွာ၏အရှေ့ဘက်ရှိ တောင်ယာတဲတွင် ထောက်ကြန့်ကျေးရွာပကဖအဖွဲ့ဝင် ၅ ဦး အရပ်ဝတ်ဖြင့် နေထိုင်နေကြသည်ဟု သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယနေ့မွန်းလွဲပိုင်းက သွားရောက်ရှင်းလင်းရာ ပကဖအလောင်း ၃ လောင်းရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ကုန်းကျေးရွာ၏ အရှေ့ဘက်ရှိ တောင်ယာတဲထဲ၌ ထောက်ကြန့်ကျေးရွာပကဖအဖွဲ့ဝင် ၅ ဦး အရပ်ဝတ်ဖြင့် နေထိုင်လျက်ရှိပြီး လခရတပ်ဖွဲ့ဝင်များ၏ သတင်းရယူကာ ထောက်ကြန့်ကျေးရွာ ပကဖအဖွဲ့ဝင်များထံ သတင်းပေးပို့နေသည်ဟု သိရှိရသဖြင့် ယနေ့(ဩဂုတ် ၂၂ ရက်)မွန်းလွဲ ၁ နာရီ ၄၀ ခန့်က ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းရာ အဆိုပါတောင်ယာတဲအနီးသို့ ရောက်ရှိစဉ် ပကဖအဖွဲ့ဝင် ၅ ဦးသည် တောင်ယာတဲအတွင်းမှ လက်နက်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် လခရတပ်ဖွဲ့ဝင်များမှလည်း လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ၎င်းတို့ ၅ ဦးသည် အနောက်မြောက်ဘက်သို့ ထွက်ပြေးသွားသဖြင့် ၎င်းတို့ ဆုတ်ခွာထွက်ပြေးသည့် နောက်သို့ လခရအဖွဲ့မှ လိုက်လံပစ်ခတ်ခဲ့သောကြောင့် ပကဖအဖွဲ့ဝင်(ကျား)အလောင်း ၃ လောင်းအား ရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။

