၂၁. ၈. ၂၀၂၃

Written by Hey Mar

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ Express အဖြူရောင်ယာဉ်(၁)စီး တိမ်းမှောက်ခဲ့တာကြောင့် ယာဥ်ပေါ်ပါသူ ၁၆ ဦးအနက် တစ်ဦးသေဆုံးကာ ကျန်သူများ အပြင်းအထန်ဒဏ်ရာရှိမှု ဒီနေ့ သြဂုတ် ၂၁ ရက် နေ့လယ် ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဥ်ဟာ မိုင်တိုင်အမှတ် (၇၇/၅)နဲ့ (၇၇/၆)ကြားမှာ အရှိန်မထိန်းနိုင်ဘဲ ဘေးမြောင်းထဲထိုးကျခဲ့တာကြောင့် ဉသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is 369038830_165284436589039_1971868148025753408_n.jpg

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊ မ(၅)ဦး၊ ကလေး(၁)ဦး၊ စုစုပေါင်း (၁၆)ဦးအနက် ကျား(၁)ဦး (သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ ကျန်(၁၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ အသီးသီး ရရှိခဲ့ပြီး သေဆုံးသူနဲ့ လူနာတွေကို 192 သူနာတင်ယာဉ်၊ ရှင်သန်မှုလူမှုကူညီရေးအသင်းယာဉ်၊ Light Truck ယာဉ်တို့နဲ့ မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *