၂၁. ၈. ၂၀၂၃
Written By Thandar

Body ကောက်ကြောင်းလှလှလေးကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မော်ဒယ်လ် သရုပ်ဆောင် ရွှေစင်ကတော့ သြဂုတ်လ ၂၁ ရက်မှာ ကျရောက်တဲ့ မွေးနေ့မှာ မိခင်ဖြစ်သူကို ဒူးကျန်းမာရေး ထူထူထောင်ထောင်ဖြစ်လာစေဖို့ ဆုမွန်တောင်းပြီး ကျပ်သိန်း ၂,၀၀၀ နဲ့ ကန်တော့ခဲ့ပါတယ်လို့ MT News ကိုပြောပါတယ်။

“ဒီနှစ်မွေးနေ့မှာ မေမေကို ကန်တော့ဖြစ်တာက မေမေက အသက် ၇၂ နှစ်ကျော် ၇၃ နှစ်ထဲရောက်လာတော့ အသက်ကြီးရင် အမျိုးသမီးတွေက ဒူးပြဿနာတော်တော်လေးရှိကြတယ်လေ။ ဒူးလေးက နာနာနေတာ ဇင်က ကြည့်ပြီး စိတ်မကောင်းဘူး။ဇင့်က အတိတ်နိမိတ်အနေနဲ့ စကားနောက်တရားပါဆိုတဲ့အတိုင်း ဒူးကျန်းမာရေး ထူထူထောင်ထောင်ဖြစ်စေချင်တယ်။ ဒီအတွက် ဇင်က ဒီပိုက်ဆံကို မေမေကို ကန်တော့ဖြစ်တာပါ။ မွေးနေ့မှာ မိခင်ကျေးဇူး ဆပ်ရတာဟာ တကယ့်အနှစ်သာရလို့ ယူဆပါတယ်ရှင် ”လို့ မော်ဒယ်လ် သရုပ်ဆောင် ရွှေစင်က MT News ကိုပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-21_14-24-04-2-1024x682.jpg

သူမကတော့ ယနေ့ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မှန်ကင်း ပရဟိတကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်တွေနဲ့ နေ့ ဆွမ်း၊ လှူဖွယ်ဝတ္ထု အစုစု ဆက်ကပ်ခြင်း၊ ကျောင်းရှိ မိဘမဲ့ ကလေးတွေအပြင် ကျောင်းရှိ ဆရာတွေအားလုံးကို နေ့လည်စာကျွေးပြီး ငွေတချို့လှူဒါန်းခဲ့တယ်။ မွေးနေ့ကိတ်ကိုလည်း ကျောင်းရှိ မိဘမဲ့ကလေးတွေအတူ ကိတ်ခွဲခဲ့ပြီး မုန့်တွေကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

“ဇင်က မွေးနေ့မှာ အလှူတွေနဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ မိဘကျေးဇူးဆပ်တဲ့အနေနဲ့ မေမေကို ကန်တော့တယ်။ ပရိသတ်ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ လိုအပ်နေတဲ့ နေရာလေးမှာ ဇင် လှူဖြစ်တယ်။ ပရိသတ်တွေကို လိုအပ်နေတဲ့ နေရာတွေ အကူအညီတောင်းရင် ဇင် လှူဖြစ်တယ်။ ဇင့် ရဲ့ အလှူတွေကလည်း ပရိသတ်ရဲ့ အလှူပဲမို့ ဇင်လုပ်သမျှ ကုသိုလ်တွေ ထပ်တူရပါစေ။ ပရိသတ်ကို အမြဲတမ်း ကျေးဇူးရှင်လို့လည်း သတ်မှတ်ပါတယ်လို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-21_14-24-04-5-1024x682.jpg

ဩဂုတ်လ ၂၃ ရက်မှာလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကား Accident ဖြစ်ပြီး တင်ပါးဆုံရိုးကျိုးပြီး အတွင်းလှိုက်စားနေတဲ့ ဝေဒနာရှင်ကိုလည်း ဆေးကုသဖို့အတွက် မွေးနေ့အလှူအနေနဲ့ ထောက်ပံ့ငွေသားတွေ လှူဒါန်းသွားဦးမယ်လို့ ဆိုပါတယ်။ မြန်မာလို မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၂၅ရက်မှာလည်း မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူလုပ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *