၂. ၁၀. ၂၀၂၂

Written by Nay Moe

ပေါက်နယ်သို့ စစ်ကြောင်းထိုးလာသောတပ်နှင့် PDF များ ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်ပွားရာမှ PDF ငါးဦးကျခဲ့သည်ဟု Myaing Underground Defence Force MUGDF က သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် မြိုင်နယ်နှင့်ပေါက်နယ်စပ်သို့ စစ်ကြောင်းထိုးလာသော လုံခြုံရေးတပ်များနှင့် PDF များ မြိုင်နှင့် ပေါက်မြို့ထိစပ်နယ်မြေ ဆေးပင်ကြီးရွာအနီးတွင် ထိပ်တိုက်တွေ့ကာ Myaing Underground Defence Force MUGDF အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ PDF ငါးဦးကျခဲ့ကာ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး ( ဒဏ်ရာရ ) ၊ ရဲဘော် ၅ ဦး၊ ပြည်သူ ၁ ဦး ကျခဲ့ပါတယ်။ ကား၊ ဆိုင်ကယ်များနဲ့ လက်နက်ကြီးများထားခဲ့ပြီး ရဲဘော်များလွတ်ကင်းရာကို ဆုတ်ခွာခဲ့ပါတယ်ဗျ”ဟု Myaing Underground Defence Force-MUGDF ကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *