ကိုရီးယားသို့ ထွက်ခွာမည့် မြန်မာလုပ်သားများကို တွေ့ရစဥ်

၂. ၁၁. ၂၀၂၂

Written by Hey Mar

ကိုရီးယားနိုင်ငံသို့ POEA – EPS အောင်မြင်ပြီး ဗီဇာရရှိကာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရမည့် ကုန်ထုတ် (Regular) နှင့် ကုန်ထုတ်နှင့် စိုက်ပျိုးမွေးမြူရေး (Re- Entry) လုပ်သားများ နိုဝင်ဘာ ၉ ရက်တွင် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာရမည်ဖြစ်ကြောင်း POEA – EPS အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ ထုတ်ပြန်ကြေညာသည် ။

EPS အောင်မြင်ပြီး ဗီဇာလျှောက်ထားသည့် လုပ်သား ၂၀၀ ဝန်းကျင်အနက် ၄၁ ယောက်မှာ ယခုလ ၉ ရက်နေ့တွင် ထွက်ခွာခွင့် ရရှိခြင်းလည်း ဖြစ်သည်။

Human Resources Development Service of Korea (HRD Korea) မှ ၅ ကြိမ်မြောက် ပြည်ပ ၁၆ နိုင်ငံမှ လုပ်ငန်းကဏ္ဍအလိုက် လုပ်သားများ နောက်ဆုံးခေါ်ယူမည့် နေ့ရက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်ပါ အချက်အလက်များတွင်ကုန်ထုတ်လုပ်မှုကဏ္ဍမှ အလုပ်သမားဦးရေ ၁၄၇၁၈ ဦးဖြစ်ပြီး လုပ်ငန်းခွင် စတင်ဝင်ရောက်ရမည့် ရက်မှာ ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အတွင်းဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက်အလုပ်သမားဦးရေ ၂၇၂၅ ဦး ခေါ်ဆောင်ထားပြီး ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အတွင်း နောက်ဆုံး လုပ်ငန်းခွင်ဝင်ရောက်ရမည်ဖြစ်သည်။ ထို့အတူ ရေလုပ်ငန်း မှ ၁၅၆၃ ဦး၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် ၇၄၈ ဦးနှင့် ဝန်ဆောင်မှုလုပ်ငန်းအတွက် ၁၀၀ ခေါ်ယူထားပြီး ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၁ ရက်အတွင်း လုပ်ငန်းခွင် စတင်ဝင်ရောက်ရမည်ဖြစ်သည်။ နှောင့်နှေးလုပ်သားများကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ စောင့်ဆိုင်းပေးမည်ဟု ရေးသားထားသည်။

မြန်မာနိုင်ငံမှ ယခုလ ၉ ရက်တွင် ထွက်ခွာမည့် လုပ်သားများမှာ ကုန်ထုတ်ဘက်မှ ၃၅ ဦးနှင့် ကုန်ထုတ်နှင့် စိုက်ပျိုးမွေးမြူရေးဘက်မှ ၁၆ ဦး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *