၁၉.၈.၂၀၂၃

Written By Thandar 

တေးရေး တေးဆို တိုနီကျော်ဒင် (ခ) ဦးသန်းထိုက်ဝင်း အသက် ၆၂ နှစ်က ယနေ့ ဩဂုတ် ၁၉ ရက် နေ့လည် ၂နာရီ၅၈ မိနစ်က သူနေထိုင်တဲ့ နေအိမ်မှာပဲ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။

” စိတ်မကောင်းပါဘူး ကိုတိုနီ ၊အဲ့လောက် မြန်မြန်ဆန်‌ဆန် ထွက်သွားရလိမ့်မယ်လို့ မထင်မိဘူး။ ကောင်းမြတ်သောဘုံဌာနမှာ အေးချမ်းနိုင်ပါစေ။ တစ်ချိန်က သူသီချင်းတွေကို ကျနော့်ရဲ့ဖုန်းထဲကူးထည့်ပေးခဲ့တာအမှတ်ရမိတယ်” လို့ ကိုကျော်ထွန်းကပြောပါတယ်။

တေးရေး‌ တေးဆို တိုနီ ကျော်ဒင်ကတော့ လွန်ခဲ့တဲ့ သုံးရက်ကပဲ အသည်းကင်ဆာနောက်ဆုံးအဆင့်ထိရောက်နေခဲ့တယ်။ ဆေးကုသလို့လည်း မရတော့ဘူးလို့ ပရိသတ်ကိုကြိုရင်ဖွင့်ထားသူလည်းဖြစ်ပါတယ်။

သူ့က ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိနေပြီ။ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၈ ရပ်ကွက် ဝတ်ကျောင်းလမ်းအိမ်နံပါတ် ၅၅ ၊ ၅ လွှာမှာနေထိုင်ခဲ့ပြီး နာရေးချမယ့်ရက်ကို ပရိသတ်ကို ပြန်လည်ကြေညာပေးမယ်လို့ ဆိုပါတယ်။

တေးရေးတေးဆို တိုနီကျော်ဒင်က ၁၉၉၆ ခုနှစ်က IRON CROSS – Lynn studio ၊ Metal Zone Recording နဲ့ ကမ္ဘာလှည့်မုန်တိုင်း သီချင်းခွေ ၊ ၂၀၀၃ခုနှစ်က Max studio ၊ Heart Music Production DEEP RED မြန်မြန် အဖွဲ့လိုက်သီဆိုမှု သီချင်းခွေ ၊ ၂၀၁၂ ခုနှစ်က ခြားနားတဲ့ရှုမျှော်ခင်း သီချင်းခွေ ထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *