၂. ၁၀. ၂၀၂၂

Written by Min Mahar

မန္တလေးမြို့ပေါ်ရှိ Night Club များဖြစ်သည့် Zeus၊ Pionner၊ Bar in Bar စသည့် Night Clubများအား နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ မဖွင့်ကြရန်နှင့် ဆက်လက်ဖွင့်နေပါက နောင်တရလိမ့်မည်ဟု Anonymous Force MDY မှ ခြိမ်းခြောက်ထားသည်။

Anonymous Force MDY က လက်ရေးဖြင့်ရေးထားသော စာရွက်အပေါ် ကျည်ဆံတင်ကာ နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသော ခြိမ်းခြောက်စာသားများတွင်” မန်းလေးမြို့ရှိ Clubများ Zeus၊ Pionner၊ Bar in Bar စသည့် Night Clubများသည် တိုင်းပြည်အေးချမ်းနေသည့် ပုံစံ Party ပွဲများ လုပ်ပေးနေသည့်အတွက် နိုဝင်ဘာ ၇ ရက် လပြည့်နေ့အထိ လူကြီးမင်းတို့ Night Club များအား မဖွင့်ပါရန် ကျွန်တော်တို့ Anonymous Force MDYနှင့် မဟာမိတ်များမှ နောက်ဆုံးအကြိမ်အဖြစ်သတိပေးအပ်ပါသည်။ကျွန်တော်တို့နှင့်မပူးပေါင်းဘဲ ဆက်လက်ဖွင့်နေပါက လူကြီးမင်းတို့နောင်တရနေမည်ဟု အသိပေးအပ်ပါသည်” ဟု ရေးထားသည်ကိုတွေ့ရသည်။

Anonymous Force MDY နှင့် မဟာမိတ်များဖြစ်ကြသော Mandalay Young Force- MYFနှင့် Truth Keeping Force-AMA တို့သည် မန္တလေးမြို့ပေါ်တွင် ပူးပေါင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေကာ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force MDY အဖွဲ့က လက်လုပ်ဗုံးဖြင့်ပစ်သွားသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ဧည့်စာရင်းလာတိုင်သည့် လူငယ်နှစ်ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *