CCTV တပ်ဆင်ထားမှုကြောင့် သုံးရက်အတွင်းဖမ်းဆီးနိုင်ခဲ့သည့် နေပြည်တော်ရှိသစ်ခွခြံ လုယက်ခံရမှုမြင်ကွင်း

၂-၁၁-၂၀၂၂

Written by Min Mahar

မန္တလေးမြို့တွင်းရှိ လုံခြုံရေးအရ တပ်ဆင်ထားသော CCTV များကိုဖြုတ်သိမ်းကြရန် Myanmar Revolution Herose Force Mandalay အဖွဲ့က သတိပေးစာထုတ်ပြန် ထားသည်။

“အဲဒီအဖွဲ့က ဖြုတ်ဖို့ပြောထားတော့ ပြည်သူတွေအနေနဲ့ စိတ်အနှောက်အယှက်ဖြစ်ရတယ်။ မဖြုတ်ရင်လည်း ဒလန်လိုပြောကြဦးမယ်။ ဖြုတ်ပြန်ရင်လည်း ကိုယ့်လုံခြုံရေးကို စိတ်မချရဘူးဖြစ်နေတယ်။ ပျဉ်းမနားက သစ်ခွခြံဖြစ်စဉ်ကိုကြည့်ရင် CCTV ရှိလို့သာ တရားခံတွေကို အချိန်တိုအတွင်းမှာ ဖမ်းဆီးနိုင်တာပါ။ အခုလိုသူတို့လုပ်တာ အများပြည်သူရဲ့ လွတ်လပ်ခွင့်ကိုချိုးဖောက်ရာလည်းကျတယ်” ဟု CCTV တပ်ဆင်ထားသော ဖုန်းဆိုင်တစ်ဆိုင်မှ ပြည်သူတစ်ဦးက MT News ကို ပြောသည်။

နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအဖွဲ့၏ သတိပေးစာတွင် “မန္တလေးမြို့အတွင်းရှိ CCTV တပ်ဆင်ထားသော မိဘပြည်သူများခင်ဗျာ။ မိမိတို့ လုံခြုံရေးအရ တပ်ဆင်ထားသော အဆိုပါ CCTV များကို လူသွားလမ်းမဘက်သို့ လှည့်ထားခြင်း၊ လမ်းသွယ် လမ်းမကြားများထဲသို့ ချိန်ရွယ်၍ တပ်ဆင်ထားမှုများကို နိုဝင်ဘာ ၅ ရက်မှ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လမ်းမကြီးများပေါ်နှင့် လမ်းသွယ် လမ်းကြားဘက်သို့ချိန်၍ တပ်ဆင်ထားသော အဆိုပါ CCTV များကို ဖြုတ်သိမ်းပေးပါရန် အလေးအနက်ထားမေတ္တာရပ်ခံတိုက်တွန်းပန်ကြားအပ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကြားတပ်ဖွဲ့ဝင်အများစုနှင့် မြေပြင်သပိတ်အဖွဲ့အစည်းများ ရဲဘော်များ ဖမ်းဆီးခံရနေမှုဖြစ်စဉ်များ၏နောက်ကွယ်တွင် သတင်းပေးဒလန်နှင့် အလားတူသည့် CCTV ကင်မရာများဟာ တထောင့်တစ်နေရာမှနေ၍ ပါဝင်ပက်သက်နေသည့်အတွက် လမ်းမကြီးများ လမ်းသွယ် လမ်းကြားများမကျန် ချိန်ရွယ်လျက် အလွန်အကျွံတပ်ဆင်ထားသည့် မိမိတို့၏ ပစ္စည်းများကို သတ်မှတ်သတိပေးရက်အတွင်းပြောင်းလွဲတပ်ဆင်ပေးကြပါရန် ” ဟု အဆိုပါအဖွဲ့မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *