April 29, 2024

၁၇. ၈. ၂၀၂၃
Written by Nyein Kyaw

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ အခမဲ့ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် ဩဂုတ်လ ၂၀ ရက်အထိ ရက်ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ဖူးမြော်ခွင့်ကို ဩဂုတ်လ ၈ ရက်မှ ၁၆ ရက်အထိ သတ်မှတ်ပေးထားသော်လည်း ဩဂုတ်လ ၁၉ ရက်အထိ ထပ်မံတိုးမြှင့်ပေးခဲ့သည့်အပြင် ယနေ့တွင်မူ ဘုရားကြီးအား အခမဲ့ဖူးမြော်ခွင့်ကို ဩဂုတ်လ ၂၀ ရက်အထိ ထပ်မံတိုးမြှင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-17_14-50-24-2-1024x682.jpg

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ဖူးမြော်ခွင့်ပေးထားသည့်ရက်ကျော်လွန်ပါက ဝင်ရောက် လေ့လာဖူးမြော်သူများကို ဝင်ကြေးကောက်ခံသွားမည်ဖြစ်ပြီး လူကြီးတစ်ဦးလျှင် ကျပ် ၁,၀၀၀ ၊ ကလေး တစ်ဦးလျှင်(ရင်ခွင်ပိုက်မပါ) ကျပ် ၁,၀၀၀၊နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ၊ အပျော်ရိုက်ကင်မရာအတွက် ကျပ် ၅,၀၀၀၊ အလှရိုက်ဓာတ်ပုံ/Video (Pre-Wedding)အပါ ကျပ် ၅၀,၀၀၀(နာရီဝက်ပိုတိုင်း ကျပ် ၅,၀၀၀)၊ ယာဉ်ဝင်ခွင့်တစ်စီးလျှင်(ကား Parking အထိ) ကျပ် ၂၀,၀၀၀ နှင့် Buggy တစ်စီးလျှင် (လေးယောက်စီး) တစ်နာရီ ကျပ် ၁၀,၀၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *