၁၇. ၈. ၂၀၂၃
Written By Thandar

အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အနုပညာလောကသားတွေက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ လာရောက်လှူဒါန်းမှုတွေ လုပ်ဆောင်နေလျက်ရှိပါတယ်။

“ရုပ်ရှင်သက်ကြီး ပူဇော်ကန်တော့ပွဲကတော့ မကြာခင် ကျင်းပမှာမို့ အနုပညာရှင် အတတ်ပညာရှင်တွေကို ပါဝင်လှူဒါန်းနေကြတာတွေ ရှိပါတယ်။ ကိုယ့်လောကသားတွေ အခက်အခဲတွေ ဖြစ်နေချိန်မို့ မနှစ်ကတော့ အကျဥ်းချုပ်လေးပဲ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အစည်းအရုံးမှာ အရင်လို အလှူ‌စျေးတန်းထည့်မယ်။ လက်ရှိ သက်ကြီးကန်တော့ခံတွေက လူဦးရေ တိတိကျကျဖြစ်အောင် ပြန်တွက်နေတာတွေ ရှိပါတယ်။ တချို့ ကွယ်လွန်သွားတဲ့သူတွေရှိသလို ထပ်တိုးလာတဲ့သူတွေလည်း ရှိပါတယ်။ စာရင်းတွေ ပြုစုနေတယ် ခန့်မှန်း ၁၈၀ နီးပါးတော့ ရှိမယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-17_12-15-19-473x1024.jpg

မြန်မာရုပ်ရှင်က သက္ကရာဇ် ၁၉၂၀ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၁၀၃ နှစ်မြောက်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကတော့ ၄၅ ကြိမ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတော့ အကန်တော့ခံသက်ကြီး ၁၈၀ နီးပါးကိုလည်း ကန်တော့ခဲ့တာလည်း ဖြစ်ပါတယ်။ အကန်တော့ခံသက်ကြီးတွေအနေနဲ့ အသက် ၇၀ နှစ်အထက် ဖြစ်ရမှာဖြစ်ပြီး အနုပညာလုပ်သက်တမ်း အနှစ် ၂၀ ရှိသူမှသာ ကန်တော့ခံစာရင်းဝင်တာလည်း ဖြစ်ပါတယ်။ ယခုခေတ် ၄၆ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲမှာလည်း အကန်တော့ခံသက်ကြီး အယောက် ၁၈၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။

အကယ်ဒမီများရှင် မေသန်းနု က ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ၁ သိန်း၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် က ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် ကျပ် ၅ သိန်း၊ သရုပ်ဆောင် ကျော်ထက်အောင်က ကျပ် ၅ သိန်း၊ အကယ်ဒမီ ခန့်စည်သူက ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၃ သိန်း၊ သရုပ်ဆောင်ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၃ သိန်း၊ သရုပ်ဆောင်မြယာက ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၁ သိန်း၊ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်တို့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၂ သိန်း၊ အကယ်ဒမီများရှင် ရန်အောင်က ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အတွက် ကျပ် ၃ သိန်း၊ Triple Six ရုပ်ရှင်ထုတ်လုပ်ရေး ဦးသန်းဌေးက ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၁၇သိန်း၊ သရုပ်ဆောင် နေရှိုင်းက ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၁သိန်း၊ ဇာတ်ပို့ ဇာတ်ရံ အခြေခံအလွှာက ငြိမ်ချမ်းအောင်က ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် ကျပ် ၅ သောင်းတို့ စသည်ဖြင့် ပါဝင်လှူဒါန်းနေကြလျက်ရှိပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-17_12-15-16-723x1024.jpg

ယခင်နှစ်တွေမှာ မြန်မာ့ရုပ်ရှင်နေ့နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) နဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာတို့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၃နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကိုတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *