April 28, 2024

၁၇. ၈. ၂၀၂၃
Written By Thandar

ဝါရင့် အနုပညာရှင်ကြီး ဒေါ်ခင်လေးဆွေရဲ့ ယနေ့ ဩဂုတ်လ ၁၇ရက် အသက် ၉၂ နှစ်ပြည့် မွေးနေ့မှာ ခပ်မိုက်မိုက် ပုံလေးတွေကို မြေးဖြစ်သူ သရုပ်ဆောင် စမိုင်းလ်က ပရိသတ်တွေကို ချပြလာပါတယ်။

“Happy 92nd birthday ပါ ဖွားဖွားကြီးရေ။ မြေးလေးတို့အပေါ် အဖေနဲ့အမေ မရှိတော့ပေမယ့် အမြဲစောင့်ရှောက်ပြီး မပျင်းရအောင် အမြဲချစ်ပေးတဲ့အတွက်လည်း ကျေးဇူးပါ။ သက်ရှည်ကျန်းမာအမြဲနုပျိုပြီး အမြဲပြုံးပျော်နိုင်ပါစေ“လို့ သရုပ်ဆောင် စမိုင်းလ်က ပရိသတ်တွေသိအောင် မွေးနေ့ဆုတောင်းပေးလာတာပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-17_09-44-54-2-683x1024.jpg

ဒေါ်ခင်လေးဆွေကတော့ တစ်ချိန်က အနုပညာလောကမှာ အထူးလူသိများ နာမည်ကျော်ကြားခဲ့ပြီး ပရိသတ်တွေ ချစ်ခင်လေးစားကြရတဲ့ ဝါရင့်အနုပညာ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိ အသက် ၉၂ ပြည့်ပေမယ့်လည်း ကျန်းမာရေး ကောင်းမွန်စွာရှိနေတာလည်း ဖြစ်ပါတယ်။

“အဖွားရဲ့ ပုံလေးတွေစိတ်ရှည်ရှည်နဲ့ ရိုက်ပေးတဲ့ချစ်ရတဲ့ကိုအောင်ဇော် နဲ့ Glam team တစ်ခုလုံးကို ကျေးဇူးတင်ပါတယ်။ မင်းအဖွားထက် ငါ့အဖွားက ပိုမိုက်တယ်ဟေ့” လိုဆိုပြီး သူမရဲ့ လူမှုကွန်ယက်ကနေ မွေးနေ့ဆုတောင်းထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *