MT News

Written by Min Mahar

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅လမ်းနှင့် ၁၁၀(မနော်ဟရီ) လမ်း ထောင့်ရှိ ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦဘေးတွင် အောက်ခံအဖြူရောင် ဗီနိုင်းစပေါ်၌ စာလုံးအနီရောင်ဖြင့်”သွေးကြွေးတောင်းဖို့အချိန်တန်ပြီ ပူးပေါင်း၍ ထတော့မန္တလေး” နှင့် “ဖားကန့်အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်ကြ”စသည့် စာသားပါ ဗီနိုင်းစ နှစ်ခုအား ချိတ်ဆွဲထားကြောင်း သိရသည်။

“မနက်က ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦကို တော်လှန်ရေးနှိုးဆော်တဲ့စာနဲ့ ဖားကန့်အနန့်ပါအတွက် ဝမ်းနည်းကြောင်းပါတဲ့ ဗီနိုင်းစနှစ်ခုကို ကပ်သွားတယ်။ ခဏနေတော့ သက်ဆိုင်ရာအဖွဲ့တွေရောက်လာပြီး ပြန်ဖြုတ်သွားပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဗီနိုင်းစများကို သက်ဆိုင်ရာအဖွဲ့မှ လာရောက်ဖြုတ်သိမ်းသွားပြီး ချိတ်ဆွဲသွားသူများအား လိုက်လံစုံစမ်းနေကြောင်းနှင့် ၎င်းချိတ်ဆွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *