၁၆. ၈. ၂၀၂၃

Written by Min Mahar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်သာယာရပ်ကွက်ရုံး ယမန်နေ့ညက ဗုံးဖြင့်ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အောင်သာယာရပ်ကွက်ရုံးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှ ာယမန်နေ့(ဩဂုတ်လ ၁၅ ရက်နေ့)ည ၈ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၅လမ်းနှင့်၄၆လမ်းကြား၊ လမ်း ၁၁၀ (မနော်ဟရီလမ်း)ပေါ်ရှိ အောင်သာယာရပ်ကွက်ရုံးကို ရုံး၏ မြောက်ဘက် ၁၀၉(E)လမ်းမှဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားလူငယ်နှစ်ဦးရောက်ရှိလာကာ အနောက်မှ လိုက်ပါလာသူက တရုတ်လက်လုပ်မိုင်းဖြင့် ပစ်ပေါက်၍ အနောက်မှအရှေ့သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဗုံးက ရုံးအမိုးပေါ်မှ အလံတိုင်ခုံရှေ့သို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း ဗုံးလာပစ်သူနှစ်ဦးအား အမှုဖွင့်ထားကာ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News