၁၆. ၈. ၂၀၂၃
Written By Thandar

အကယ်ဒမီ ရွှေမှုံရတီ အထူးပါဝင်သရုပ်ဆောင်ထားပြီး Lavender Film Production က တင်ဇာပိုင် စီစဉ်ထားထားတဲ့ ” စိတ်ကြီးဝင်နေတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကား Premiere Show ကို ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ ရာဇဝင်ကို ကိုယ်တိုင်က ရွှေမှုံရတီရဲ့ ကာရိုက်တာကို ပုံဖော်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ရေးဖွဲ့ရိုက်ကူးထားတာပါ။

This image has an empty alt attribute; its file name is photo_2023-08-15_20-51-28-6-862x1024.jpg

“ဒီဇာတ်ကားက၂၀၁၈ ခုနှစ်လောက်တုန်းက ရိုက်ထားတာဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းက ဇာတ်ကားလေးပါ။ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းကလည်း နည်းပါတယ်။ အဲဒီအချိန်တုန်းက မရွှေမှုံက အရမ်းအောင်မြင်နေတဲ့ အချိန်ဆိုတော့ သူ့ကိုရှိန်တာတွေရှိခဲ့တယ်။ ဒါပေမယ့်လည်း အမက သဘောကောင်းပြီး လက်တွဲခေါ်ပေးခဲ့ပါတယ်” လို့ Everest မိုးက ပြောပါတယ်။

” စိတ်ကြီးဝင်နေတဲ့ မိန်းမ” ဇာတ်ကားမှာ ရွှေမှုံရတီက အထူးသရုပ်ဆောင်ထားပြီး မြတ်သူကျော်၊ Everest မိုး၊ ဂျိုကာ၊ စိုးမြတ်သူဇာ၊ မေပန်းချီ၊ တက္ကသိုလ် ဂွမ်းပုံ၊ ဘင်း၊ ဖြိုးရာဇာနိုင်၊ မင်းမြန်မာ၊ မိုးကောင်းကင်၊ ပိုးပိုး၊ ဇာခြည်လွင်နဲ့ အနုပညာရှင်တွေပါဝင်ထားပါတယ်။

ဒီဇာတ်ကားကို သြဂုတ်လ ၁၈ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *