April 28, 2024

၁၄.၈.၂၀၂၃
Written by Peya

ရေနစ်သေဆုံးနေသည်မှာ လေးရက်ခန့်ကြာပြီဟု ယူဆရသည့် အမျိုးသား အလောင်းတစ်လောင်း ပန်းဆိုးတန်း ဘောတံတားတွင် ညပ်နေသည်ကို တွေ့ရှိရပြီး မိသားစုကို စုံစမ်းမရသေးကြောင်း အလောင်းကို သွားရောက် ဆယ်ယူရာတွင် ပါဝင်ခဲ့သည့် လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ ၁၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သေဆုံးသူမှာ အသက် ၄၀ နှစ်အရွယ် ဝန်းကျင်ရှိမည်ဟု ယူဆရသည့် အမျိုးသားတစ်ယောက် ဖြစ်ကြောင်းလည်း သိရသည်။

“ပိုင်ရှင်လည်း မရှိသေးပါဘူးရှင့်။ (ရဲတပ်ဖွဲ့ဘက်က) စုံစမ်းနေပါတယ်။ ရက်နဲ့ တွက်မယ်ဆိုရင်တော့ သေဆုံးတာက လေးငါးရက်လောက် ရှိပါပြီ။ အလောင်းက ဘောတံတား ကြားထဲမှာ ညပ်နေတာပါ။ ဘယ်နေရာကနေ မျောလာပြီး ဖြစ်စဉ် ဖြစ်တယ် ဆိုတာတော့ မသိသေးပါဘူးရှင်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အလောင်းကို ဗိုလ်တစ်ထောင်စခန်းတာဝန်ရှိသူများနှင့် ဆိပ်ကမ်းတာဝန်ရှိသူများပူးပေါင်းကာ လင်းလက်လူမှုကူညီရေးအသင်း(ရန်ကုန်) မှ နာရေးကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *