၁၄. ၈. ၂၀၂၃
Written by Nyein Kyaw

မြန်မာအမျိုးသားလေကြောင်း (MNA)၏ ATR 72-600 လေယာဉ်နှင့် မန္တလေး-လားရှိုး၊ မန္တလေး-စစ်တွေ အသွား အပြန်ခရီးစဉ်အား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေး ကြေညာထားသည်။

လာမည့်ဩဂုတ်လ ၂၀ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသွားများ လက်မှတ်ဝယ်ယူရာတွင် ဒေါ်လာဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

“ဒီလာမယ့်တနင်္ဂနွေနေ့ကစပြီး ပြေးဆွဲမှာ။ စစ်တွေကိုတော့ ဒီလာမယ့် တနင်္ဂနွေရှိမယ်၊ တနင်္လာရှိမယ်ပေါ့။ နောက်အပတ်ထဲပေါ့ ဩဂုတ်လ ၂၀ ရက်ရှိမယ်၊ ၂၁ ရက်ရှိမယ်ပေါ့။ နိုင်ငံခြားသားဆိုရင် ဒေါ်လာနဲ့ဝယ်ရမယ်။ ပြည်တွင်းဆိုရင်တော့ ၁၅၆,၀၀၀ ပဲကျမယ်။ နိုင်ငံခြားသားဆိုရင်တော့ ဈေးကတော့ လောလောဆယ် မသိသေးတော့ ဈေးနှုန်းပြောမရသေးဘူး။ ပျံသန်းချိန်ကတော့ တစ်နာရီတော့ကြာမယ်” ဟု MNA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် ခရီးစဉ်အချိန်ဇယားကြည့်ရှုရန် www.flymna.com/plan-atrip-flightschedule နှင့် စျေးနှုန်းကြည့်ရှုရန် www.flymna.com/bookings/Vuesflightselectionaspx တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *