၁၂. ၈. ၂၀၂၃
Written by Min Mahar

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ယမန်နေ့ကြေညာချက်အရ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ်(၆)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည့် ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှစတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီး ခူမီးအမျိုးသားပါတီ၏ မှတ်ပုံ တင်အမှတ်စဉ်မှာ(၃၆)ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့က ကြေညာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေ များအား အသစ်ပြန်လည်ပြဋ္ဌာန်းထုတ်ပြန်ကြေညာပြီးနောက် ဥပဒေပုဒ်မ ၂၅ အရ ပြန်လည် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၅၀ ပါတီနှင့် ဥပဒေပုဒ်မ ၃ အရ အသစ်လာလျှောက်ထားကြသည့် နိုင်ငံရေးပါတီ ၁၃ ပါတီရှိသောကြောင့် နိုင်ငံရေးပါတီစုစုပေါင်း ၆၃ ပါတီရှိပြီးဖြစ်သည်။ UEC မှ ယမန်နေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှာ ၃၆ ပါတီရှိသွားပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *