၁၂. ၈. ၂၀၂၃
Written by Ye Kyaw

ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းအနေဖြင့် ငဝန်မြစ်အတွင်းမှ ရေများကို တစ်ရက်လျှင် ရေဂါလံ ၄ ဒသမ ၅ သန်းကို သန့်စင်ပေး၍ ပုသိမ်မြို့အတွင်းသို့ ရေပိုက်လိုင်းများ သွယ်တန်း၍ သက်သာသော ဈေးနှုန်းဖြင့် နေ့စဉ်ရေများဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဩဂုတ်လ ၁၁ ရက် တွင် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သွားရောက်၍ ရေသန့်စင်စက်ရုံ၌ ရေများအဆင့်ဆင့် သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-08-12_10-52-39-1024x682.jpg

ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းဆိုင်ရာအချက်အလက်များ၊ ရေမီတာများတပ်ဆင်ထားရှိမှုနှင့် ရေပေးဝေခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လက်ရှိရေဖြန့်ဝေပေးနေမှုနှင့် နွေရာသီ ရေလိုအပ်မှုများရှိချိန်တွင် မြို့ရေလိုအပ်ချက်၊ ရေအရည်အသွေး ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာမှတ်တမ်းများ၊ ရေသန့်စင်စက်ရုံ လုပ်ငန်းဆောင်ရွက်မှုများ၊ သန့်စင်ပြီးရေများအား ပြည်သူများသုံးစွဲနိုင်ရေး ဖြန့်ဝေပေးနေမှု အခြေအနေများကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်က ရှင်းလင်းတင်ပြခဲ့သည်။

SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရေကိုအကျိုးမဲ့ သုံးစွဲမှုမရှိစေရေး ပြည်သူများကို အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊ ပုသိမ်မြို့သည် မိုးများသည့်ဒေသဖြစ်သဖြင့် မိုးရေကို စုဆောင်းသိုလှောင်၍လည်း အသုံးပြုနိုင်ကြောင်း၊ ရေသန့်စင်စက်ရုံအနီး မြစ်ကြောင်းအတွင်း သဲနုန်းတင်ခြင်းများကို လျှော့ချနိုင်ရန်အတွက် ကမ်းပါးများအနီး၌ သစ်ပင်များကိုတတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်းရန်လိုကြောင်း မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *