April 26, 2024

၃၁. ၁၀. ၂၀၂၂

Written by Nay Moe

သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာ‌တော်တစ်ပါးဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီးအပါအဝင် မန္တလေး သပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ (၅) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်များဖြစ်ကြသည့် ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့သည် မန္တလေးမြို့၌ အောက်တိုဘာ တရက်တည်းမှာပင် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

မန္တလေး သပိတ်တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် ကားဖြင့် တိုက်ဖမ်းခြင်း၊ အတင်း ရိုက်နှက်ထိုးကြိတ်ခြင်းတို့လုပ်ဆောင်ခဲ့သည်ဟုလည်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ထားပြီး ဦးကလျာဏ (ခ) ဦးယောကြီးသည် ရဟန်းစာ စာသင်စာချနေသော ငယ်ဖြူ စာချရဟန်းငယ်တပါး ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူအားလုံးသည် အသက်အရွယ်အားဖြင့် လူငယ်၊ လူလတ်ပိုင်းများဖြစ်ကြပြီး ကျန်းမာရေး အထူးကောင်းမွန်ကြသူများ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူအားလုံး၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ပါက တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်းလည်း သံဃသမဂ္ဂ(မန္တလေး) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News