April 26, 2024

၃၁. ၁၀. ၂၀၂၂

Written by Pan Ei

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Itaewon တွင် အောက်တိုဘာ ၂၉ ရက်ညက Halloween Night ကျင်းပစဉ် ဖြစ်ပွားခဲ့သည့် လူပိသေဆုံးမှု မတော်တဆဖြစ်စဥ်၌ နာမည်ကျော် မင်းသား Lee Jihan လည်း ကွယ်လွန်ခဲ့သည်။

မင်းသား Lee Jihan သည် ၂၀၁၇ ခုနှစ်တွင် Mnet ၏ အစီအစဉ်တစ်ခု ဖြစ်သော “Produce 101 Season 2” တွင် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် စတင်ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် Web Drama “Today Was Another Nam Hyun Day” တွင် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ သူသည် ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ်ရှိပြီဖြစ်သည်။

မင်းသား Lee Jihan သည် လာမည့် MBC ဇာတ်လမ်းတွဲ ”Season of Kkokdu” တွင် မင်းသား Kim Jung-hyun နှင့် Im Soo-hyang တိုနှင့်အတူ ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားပြီး လက်ရှိအချိန်တွင် အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ကူးမှုကို တဒင်္ဂရပ်နားထားမည်ဟု သိရသည်။

မင်းသား Lee Jihan ၏ ရုပ်အလောင်းကို Myongji ဆေးရုံတွင် ထားထားကြောင်း သိရပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၉ ရက်နေ့ည ဆိုးလ်မြို့ Itaewon တွင် ဟယ်လိုဝင်းပွဲတော်အတွင်း လူအုပ်ကြီးတိုးဝှေ့နင်းမိမှုတွင် လူ ၁၅၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

Ref; Soompi, Allkpop

Leave a Reply

Your email address will not be published. Required fields are marked *