၉. ၈. ၂၀၂၃
Written by Peya

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတက်ခဲ့သော ဦးဟင်နရီ ဗန်ထီးယူ ကို ထုတ်ပယ်သည်ဟု NLD ပါတီက ယနေ့ ဩဂုတ်လ ၉ ရက် နေ့လယ်ပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း တွေ့မြင်ရသည်။

ဦးဟင်နရီ ဗန်ထီးယူ သည် ဇူလိုင်လ ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဒုတိယသမ္မတအဖြစ် ပထမဆုံး အကြိမ် တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူ၏ ကိစ္စနှင့်ပတ်သက်၍ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အဆိုပါ အစည်းအဝေးမှနေ၍ အများသဘောတူ ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစကတော့ သူတို့လည်း စောင့်ကြည့်နေပုံရတယ်။ ဒုတိယသမ္မတကြီးက အစည်းအဝေးလည်း မတက်ဘူးလေ။ တကယ်တော့ ဒုတိယသမ္မတအဖြစ် ဆက်ရှိနေတဲ့ အစောပိုင်းကတည်းက ထုတ်ဖို့ ရှိပုံရတယ်။ အခုမှ ကာလုံ အစည်းအဝေးတက်တော့ တခါတည်း ထုတ်လိုက်တာ” ဟု နိုင်ငံရေး သုံးသပ် လေ့လာသူ တစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *