ဘန်ကောက်မြို့တွင်း tuk-tuk အဌားယာဉ်ဖြင့်ခရီးသွားနေသည့် ဘုရင့်သားတော် ဗာချာရယ်ဆွန် ကိုတွေ့ရစဉ်။

၉. ၈. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဘုရင်မင်းမြတ် မဟာ ဗာဂျီရာလောင်ကွန် ရဲ့ သားတော်တစ်ပါးဖြစ်တဲ့ ဗာချရာဆွန် ဗီဗာ ချာရာဝုန်ဆီ က ထိုင်းနိုင်ငံမှထွက်ခွာပြီး ပြည်ပမှာ ၂၇ နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ဩဂုတ်လ ၆ ရက်က မမျှော်လင့်ဘဲ ပြန်လည်ရောက်ရှိလာချိန်အတွင်းမှာတော့ ဘန်ကောက်မြို့အတွင်း နေရာအနှံ့ သာမန်ပြည်သူတစ်ဦးကဲ့သို့ သွားလာနေတာ တွေ့ရပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းနိုင်ငံလက်ရှိဘုရင်ဟာ လေးကြိမ်လက်ထပ်မှုပြုခဲ့ပြီး သားသမီး ခုနှစ် ယောက်ရှိပါတယ်။ ဒါပေမယ့် ထီးနန်းဆက်ခံမယ့်သူကိုတော့ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ လေးကြိမ်မြောက်လက်ထပ်မှုအဖြစ် မိဖုယား ဆူသီဒါ ကို ၂၀၁၉ ခုနှစ်က နန်းတက်ပွဲမကျင်းပမီတွင်ကမှ လက်ထပ်ခဲ့တာပါ။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဗာချာရယ်ဆွန် ဗီဗာချာရာဝုန်ဆီ က ထိုင်းဘုရင်နဲ့ ဒုတိယဇနီး ဆူဂျာရီနီ ဗီဗာချာရာဝုန် ဆီ တို့မှမွေးဖွားတာဖြစ်ပြီး မောင်နှမငါးယောက်အနက် ဒုတိယမြောက်သားပါ။ မိခင်က မင်းသမီးဟောင်းတစ်ဦးလည်းဖြစ်ပြီး ထိုစဉ်က အိမ်ရှေ့မင်းသားဖြစ်တဲ့ လက်ရှိထိုင်းဘုရင်က ၁၉၉၆ ခုနှစ်မှာ ကာမပိုင်ရှိသူနဲ့ ဖောက်ပြားတယ်လို့စွပ်စွဲကာ ကွာရှင်းခဲ့ပါတယ်။ ဆူဂျာရီနီ နဲ့ ကလေးတွေဟာ အဲ့ဒီနောက်ပြည်ပကို ထွက်ခွာသွားခဲ့ကြတာပါ။ အငယ်ဆုံးသမီးလေးကိုတော့ ထိုင်းတော်ဝင်မိသားစုက ပြန်လည်ခေါ်ယူကာ တော်ဝင်မိသားစုရဲ့ ဘွဲ့လည်းပေးခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပမှာရှိနေတဲ့သားလေးယောက်ကတော့ တော်ဝင်ဘွဲ့အမည်တွေ မရခဲ့ကြပါဘူး။

သားတော် ဗာချာရယ်ဆွန် က နယူးယော့ခ်မြို့မှာ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ ဘန်ကောက်မြို့သို့ အလည်ခရီးပြန်ရောက်စဉ် ဟိုတယ်တစ်ခုမှာသာ တည်းခိုနေတဲ့ သူက ဘုရင့်သားတော်ဖြစ်ပေမယ့် ဘန်ကောက်မြို့တွင်း tuk-tuk အဌားယာဉ်စီးပြီးတော့ပဲ ခရီးသွားနေတာတွေ့ကြရပါတယ်။ ဩဂုတ်လ ၈ ရက်မှာ သူက ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုတွေကို ကူညီမှုပြုနေတဲ့ Foundation for Slum Child Care သို့လည်း သွားရောက်ကာ ကလေးတွေကို ခင်မင်ရင်းနှီးစွ ာနှုတ်ဆက်ပြီး အလှူငွေတွေလည်း လှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် သူက တော်ဝင်နန်းတော်သို့သွားရောက်ကာ မြဘုရား အပါအဝင် အခြားဘာသာရေးအဆောက်အအုံနေရာတွေကိုလည်း သွားရောက်ခဲ့တာ တွေ့ရပြန်တယ်။

ဗာချာရယ်ဆွန် က ဖခင်ဖြစ်သူ ဘုရင်မင်းမြတ်နဲ့လည်း တွေ့ဆုံဓါတ်ပုံရိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ မိခင်မြေကို မမျှော်လင့်ဘဲလာရောက်လည်ပတ်မှုအပေါ် ထိုင်းတော်ဝင်နန်းတော်ကတော့ ထုတ်ပြန်ကြေညာမှု တစ်စုံတစ်ရာမပြုခဲ့ပါဘူး။ သူ့ရဲ့ ထိုင်းနိုင်ငံ အလည်ခရီး က တစ်ပတ်ခန့်ကြာမယ်လို့လည်း သိရပါတယ်။

Ref—— Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News