April 26, 2024

MT News

Written by Min Mahar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်တံတားကျေးရွာအရှေ့ရှိ ကျေးရွာများမှ ပြည်သူများကို ယနေ့အောက်တိုဘာ ၃၀ ရက်မှစ၍ ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခွင့်မပြုကြောင်း PDF ပူးပေါင်းမဟာမိတ်ညီနောင်များအဖွဲ့က ကန့်သတ်လိုက်သည်။

” အခု နိုင်ငံရေးပဋိပက္ခကြီးလည်းအမြန်ပြီးဆုံးစေချင်ပြီ။ အခုလို ကြေညာတော့ တကယ်အခက်တွေ့တာ ဒေသခံတွေပဲ။ အကြမ်းဖက်တာကို ဘယ်အဖွဲ့ကမှ မလုပ်စေချင်တော့ဘူး။ တကယ်လို့ အရေးအကြောင်းနဲ့ ကျန်းမာရေးအတွက်ဆိုရင် အရမ်းအခက်တွေ့ကြရမှာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကြေညာချက်တွင် “မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်တံတားကျေးရွာအရှေ့ရှိ ကျေးရွာများမှ မိဘပြည်သူများခင်ဗျာ။ ယနေ့ (30.10.2022) မှစ၍ ည(၈)နာရီမှ နံနက်(၆)နာရီအချိန်အတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။ အကယ်၍ ထိုအချိန်အတွင်း အရေးကြီးသွားလာစရာများရှိပါက ဖုန်းနံပါတ်(…………………)များသို့ ဆက်သွယ်အသိပေးအကြောင်းကြားပြီးမှ သွားလာကြရန်၊ အဖွဲ့အစည်းများမှလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲထံ အသိပေးအကြောင်းကြားပြီးမှ သွားလာကြရန် အသိပေးကြေညာအပ်ပါသည်။ အကယ်၍သတ်မှတ်ထားသောအချိန်အတွင်း အသိပေးအကြောင်းကြားခြင်းမရှိဘဲ သွားလာပါက ပြဿနာတစ်စုံတစ်ရာဖြစ်လာလျှင် မိမိတို့တာဝန်သာဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်” ဆိုကာ ခြိမ်းခြောက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News