April 25, 2024

အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေ့က မြင်ကွင်းကို တွေ့ရစဥ်

၃၁.၁၀.၂၀၂၂

Written by A Thaung

လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် ယာယီပိတ်ထားသည့် အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာအား အောက်တိုဘာ ၃၁ ရက်တွင်ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် STAB အဖွဲက လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ထောင်ဝင်စာလာတွေ့သည့် ပြည်သူငါးဦး၊ ထောင်ဝန်ထမ်းသုံးဦးသေဆုံးခဲ့ပြီး အခြားပြည်သူနှင့် ထောင်ဝန်ထမ်း ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ထောင်ဝင်စာတွေ့ခွင့်အား ရက်အကန့်အသတ်မရှိပိတ်ခဲ့ကာ ယနေ့မှပြန်ခွင့်ပြုခြင်းဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ဒီနေ့ပြန်ဖွင့်ပါတယ်။ ပစ္စည်းတွေပဲ လက်ခံပါတယ်” ဟု လက်ရှိအခြေအနေကို ၎င်းကပြောသည်။

ပြန်လည်ခွင့်ပြုရာတွင် ယခင်ကဲ့သို့ လူခြင်းတွေ့ခွင့်ပြုခြင်းမဟုတ်ဘဲ ပစ္စည်းများသာခွင့်ပြုခြင်းဖြစ်ပြီး လုံခြုံရေးအရ စိစစ်ပြီးမှသာ လက်ခံခြင်းဖြစ်ကြောင်းနှင့် ယခင်ထက် လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *