တမူး PDF များ မီးရှို့ခဲ့သော ပို့ဆက်ရုံးအား ငြှိမ်းသတ်နေစဥ်

MT News

Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား အောက်တိုဘာ ၂၈ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါ မီးရှို့မှုအား တမူး PDF က လုပ်ဆောင်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးသို့ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် တမူး PDF များ ရောက်ရှိလာပြီး ၎င်းတို့အသင့်ယူဆောင်လာသည့် ဓာတ်ဆီပုလင်းများဖြင့်လောင်း၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။

တမူး PDF များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေခန့်ရှိ နှစ်ထပ်တိုက်သွပ်မိုး၊ အုတ်ကာ ရုံးအဆောက်အဦ တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် တမူး PDF များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *