April 26, 2024

ကွီလုံတိုင်စခန်းမှ ဖမ်းမိ၊ သိမ်းဆည်းမိသည်များကို တွေ့ရစဥ်

MT News

Written by Nay Moe

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင်စခန်းအား KNLA/PDF ပူးပေါင်းအဖွဲ့က လေးရက်ကြာတိုက်ခိုက်ပြီး စခန်းသိမ်းနိုင်ခဲ့ကာ လခရ ၁၅ ဦးနှင့် BGF ၁၇ ဦး အရှင်ဖမ်းမိသည်ဟု နဂါးနီစစ်ကြောင်းက အောက်တိုဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း(၁၇)၊ တပ်ရင်း(၂၇)၊ Federal Wings၊ SOF၊ PDF (နဂါးနီစစ်ကြောင်း) ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာ ၂၂ ရက်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၆ ရက် နံနက်တွင် စခန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

မြေပြင်သတင်းများအရ လခရ​ လေးဦး၊ BGF လေးဦးကျဆုံးကြောင်းသတင်းရရှိခဲ့ပြီး လခရ ၁၅ ဦးနှင့် BGF ၁၇ ဦး လက်နက်ချအဖမ်းခံခဲ့သည်ဟု ဖော်ပြထားသည်။

ထို့​ပြင် လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့ပြီး MA1 (၄လတ်)၊ MA2-(၃လတ်)၊ MA3-(၆လတ်)၊ MA4-(၁လတ်)၊ MA5-(၂လတ်)၊ M16-(၄လတ်)၊ AK(၅လတ်)၊ Sniper(၁လတ်)၊ 40mm (၁လတ်)၊ 60mm (၁လတ်)၊ RPG-(၂လတ်)၊ ကာဘိုင် (၁၂လတ်)၊ noto စက်လတ်(၁လတ်)နှင့် AK-(၆၈၁ တောင့်)၊ ကာဘိုင်( ၁၀၈ တောင့်)၊ M16 (၃၀၀၀ တောင့်)၊ စက်လတ်( ၅၀၀၀ တောင့်)၊ RPG -(၄၄ လုံး)၊ 60mm(၆၆ လုံး)၊ အီနာဂါ (၃ လုံး)၊ တိုက်မိုင်း(၁၈ လုံး)၊ နင်းမိုင်း(၁၃ လုံး)၊ ယမ်းတောင့်(၄၄ တောင့်)၊ ရှေ့ထွက်မိုင်း(၅ လုံး)၊ လက်ပစ်ဗုံး (၂ လုံး)၊ စကားပြောစက်(၈ လုံး)၊ ကျည်ဘောက်(၆၈ ခု)၊  သံလိုက်အိမ်မြှောင်(၁ ခု)၊ 40mm(၁၀ လုံး) သိမ်းဆည်းရရှိခဲ့သည်ဟု နဂါးနီစစ်ကြောင်းသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

KNLA နှင့် PDF ပူးပေါင်းအဖွဲ့များက ကွီလုံတိုင်စခန်းအား သိမ်းဆည်းနိုင်ခဲ့ပြီး လခရ၊ BGF ၃၂ ဦးအား အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း SAC ဘက်ကမူ လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်မှုမရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News