April 26, 2024

ကျိုက်ဒုံရဲစခန်းမှ သိမ်းဆည်းမိသည်များကို တွေ့ရစဥ်

MT News

Written by Nay Moe

ကျိုက်ဒုံရဲစခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသည်ဟု KNU က သတင်းထုတ်ပြန်သည်။

ကော့ကရိတ်ခရိုင်ရှိ ကျိုက်ဒုံရဲစခန်းကို အောက်တိုဘာ ၂၉ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် KNLA တပ်ရင်း (၁၈) လက်အောင်ခံ တပ်ခွဲ (၁) တပ်ခွဲ(၄)နှင့် ဒေါန စစ်ကြောင်း ပူးပေါင်းအဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ကျိုက်ဒုံရဲစခန်းမှ KNU ပူးပေါင်းတပ်များက သိမ်းဆည်းရမိသော လက်နက်များမှာ ရှေ့ထွက်မိုင်း – ၄ လုံး၊ မိုင်းကြိုး – ၂ ခွေ၊ လက်ဗစ်ဗုံး – ၂၃ လုံး၊ 7.62 ကျည် – ၂၅၄၀ တောင့်၊ ၆၀ မမ ဗုံးသီး – ၂၃ လုံး၊ G3- ၆ လက်၊ G3 ကျည်ဘောက် – ၁၁ ဘောက်၊ G4- ၁ လက်၊ အူဇီ- ၂ လက်၊ ၆ လုံးပြူး – ၄ လက်၊ ကွန်မန်ဒိုစိန်ဗြောင်း – ၄ လက်၊ ဆသရစက်ကြီး – ၁ လုံး၊ RPG ပို့ယမ်း – ၃ တောင့် တို့ သိမ်းဆည်းရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News