March 29, 2024

ဝါဆိုလပြည့်နေ့က ပြည်သူများအကြား ဗုံးခွဲမှုကြောင့် ဒဏ်ရာရရှိသူများကို တွေ့ရစဥ်

MT News

Written by Nay Moe

စျေးရောင်းပွဲတော်မသွားရောက်ရန် သတိပေးသည့်အနေဖြင့် PDF(Sanchaung) က မြေနီကုန်းတွင် ဗုံးနှစ်လုံးခွဲခဲ့သည်ဟု PDF (Sanchaung) က အောက်တိုဘာလ ၂၈ ရက်နေ့က ကြေညာထားသည်။

“ဝါဆိုလပြည့်နေ့က ဗုံးဖောက်တဲ့နေရာမှာပဲ နှစ်ချက်ကွဲတာ။ တကယ်တော့မလုပ်သင့်ဘူး။ သူတို့ဗုံးခွဲလိုက်တိုင်း ကြားထဲက ပြည်သူပဲသေတာ” ဟု အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဥ် သိရှိသည့်အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို အောက်တိုဘာ၂၈ ရက် ည ၆ နာရီ မိနစ်၂၀ တွင် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပကဖတပ်ရင်း၊ တပ်ခွဲ(၁)၊ တပ်စု(၁)၊ တပ်စိတ်( ၁)နှင့် PDF-Sanchaung တို့ပူးပေါင်းကာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ပဒုမ္မာပန်းခြံအနီးရှိ ဘန်ကာနှင့် စျေးရောင်းပွဲတော်ကျင်းပမည့် ပဒုမ္မာကဇာတ်ရုံဟောင်းအနီးတွင် အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ဘန်ကာတည်ဆောက်ခြင်းအား ပြည်သူများမှမနှစ်မြို့ခြင်း၊ SAC က ဦးစီးကျင်းပမည့် ပျော်ပွဲရွှင်ပွဲအတုအယောင်အား ပြည်သူများမှမနှစ်မြို့ခြင်းတို့ကြောင့် သတိပေးတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးကာလတွင် SAC ၏လှည့်ကွက်အတွင်းမဝင်ရောက်မိစေရန် အထူးသတိထားကြစေလိုပြီး ယခု ပဒုမ္မာကဇာတ်ရုံဟောင်းတွင်ကျင်းပမည့် စျေးရောင်းပွဲတော်သည်လည်း နယ်မြေအေးချမ်းနေကြောင်းပုံရိပ်ကိုပြသလိုသည့် စျေးရောင်းပွဲအတုအယောင်သာဖြစ်သောကြောင့် ထိုသို့သော ပျော်ပွဲရွှင်ပွဲများ၊စျေးရောင်းပွဲတော်များနှင့်တပ်များအနီးအနားသို့ သွားလာခြင်းမပြုကြရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု PDF-Sanchaung က သတိပေးထားသည်။

SAC အုပ်ချုပ်သည့်ကာလအတွင်း ပြည်သူများပျော်ရွှင်စွာသွားလာသည်ကို မလိုလားသည့် PDF များက ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ဝါဆိုလပြည့်၊ ဇူလိုင် ၁၂ ရက်နေ့ကလည်း မြေနီကုန်းတွင် ဗုံးခွဲတိုက်ခိုက်ရာ ဘုရားဖူးလာသည့် အမျိုးသမီးငယ်နှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *