April 18, 2024

MT News

Written by Min Mahar

မုံရွာတော်လှန်ရေးလူငယ်များကွန်ယက်အဖွဲ့မှ ဖား ကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်သည့်အနေဖြင့် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ ကျောက္ကာလမ်းတွင် အောက်တိုဘာ ၂၈ရက်နေ့ နံနက် ၆ နာရီခန့်တွင် လူငယ် ၂၀ ဦးခန့် လမ်းလျှောက်ဆန္ဒပြခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“မနက် ၆ နာရီထိုးကာနီးလောက်က လူငယ် ၂၀ လောက် မက်စ်တွေကိုယ်စီတပ်ပြီး KIA တံဆိပ်ပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တပ်က ကချင်ပြည်နယ် ဖားကန့်ဒေသမှာဖြစ်သွားတဲ့ ဗုံးကြဲအကြမ်းဖက်မှုကို ရှုတ်ချတဲ့အနေနဲ့ လက်သုံးချောင်းထောင်ပြီး ၁၀ မိနစ်ကျော်ကြာ လမ်းလျှော် ကြွေးကြော် ဆန္ဒပြသွားတယ်။ ခဏကြာတော့ တပ်နဲ့ရဲတွေရောက်လာပြီး စုံစမ်းစစ်ဆေးကြတယ်။ တစ်ယောက်မှတော့ မတွေ့သွားခဲ့ဘူး” ဟု ဒေသခံက တစ်ဦးက ဆိုသည်။

၎င်းဆန္ဒပြမှုတွင် “အလျား ၆ ပေ၊ အနံ ၂ ပေခန့်ရှိ KIA တံဆိပ်ပါပိတ်စတွင် ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ခြင်းခွန်အားအဖြစ် အရှိန်မြှင့်တင်ကြ” စာသားပါရှိသည့် ဆိုင်းဘုတ် ၁ ခု၊ အလျား ၃ ပေ ၊အနံ ၂ ပေခန့်ရှိ KIA တံဆိပ်ပါ အလံ ၁ ခု၊ ခွပ်ဒေါင်းတံဆိပ်ပါ အလံ ၁ ခု” တို့အား ကိုင်ဆောင်၍ ကြွေးကြော်အော်ဟစ်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *