April 26, 2024

ရန်ကုန်တိုင်းတွင် အဆိုးဆုံးဖြစ်သော လှိုင်မြို့နယ်၏ ည ၈ နာရီခွဲအချိန်မြင်ကွင်းကို တွေ့ရစဥ်

MT News

Written by Nay Mo

အောက်တိုဘာလ ၂၈ ရက်နေ့ ၈ နာရီခွဲမှာ ပြည်ပရောက် NUG က ပြည်သူတွေ ပါဝင်ဆင်နွှဲဖို့ စိန်ခေါ်ထားတဲ့ ည ၈ နာရီခွဲ မီးပိတ်သပိတ်က အောင်မြင်မှုမရှိခဲ့ဘဲ ပြည်သူတွေ ပါဝင်ဆင်နွှဲမှု မရှိသလောက် နည်းပါးခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ မကြာခဏ အချိန်ကြာမြင့်စွာ မီးပြတ်တောက်နေပေမဲ့ NUG က နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒေါ်ဇင်မာအောင်က ဒီညမှာ မီးပြတ်သပိတ်ဆင်နွှဲဖို့ နှိုးဆော်ထားချိန်နဲ့ တိုက်ဆိုင်ပြီးတော့ နေရာအားလုံးလိုလို မီးပြတ်တောက်မှုမရှိဘဲ ထိန်ထိန်လင်းနေပြီး မီးပြတ်သပိတ်ပါဝင်ဆင်နွှဲသူ မရှိသလောက်များပြားခဲ့ပါတယ်။

SAC က ဖိအားပေးလို့ မီးပြတ်သပိတ်မပါကြတာလို့ တချို့ကပြောနေပေမဲ့လည်း တစ်နိုင်ငံလုံးက အသက်တောင်ပေးထားပြီး တော်လှန်မယ်ဆိုတဲ့ကာလမှာ မီးခဏပိတ်တာတောင် မလုပ်ကြတဲ့ ယုံကြည်မှုအပေါ်တေ့ မီးပြတ်သပိတ်လုပ်တယ်လို့ ဆိုသူအနည်းစုနဲ့ မလုပ်သူအများစုကြား အငြင်းပွားနေတာကိုလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *