October 14, 2024

MT News

Written by Tha Doe

ပြည်ပရောက် မြန်မာလုပ်သားများ ပြည်တွင်းသို့ တရားဝင်ငွေလွှဲပါက တစ်ဒေါ်လာ ၃၀ ကျပ်အား ဗဟိုဘဏ်က ထပ်မံပေးမည်ဟု အောက်တိုဘာ ၂၈ ရက်နေ့ညတွင် ကြေညာသည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာဝင်ငွေများလွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများ ထောက်ပံ့ပေးမည့်အစီအစဥ်အရ ​နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် တစ်ဒေါ်လာ ၃၀ ကျပ် ဗဟိုဘဏ်ကပေးမည့်အစီအစဥ် စတင်ခြင်းဖြစ်သည်။

“အလုပ်သမားတွေကို ပုဂ္ဂလိကဘဏ်တွေက ပေးတဲ့ဈေးအပေါ်မှာ ၃၀ ကျပ် ထပ်ဆောင်းပေးမှာပါ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာဝင်ငွေများကို ပြည်ပမှ ပြည်တွင်းသို့နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)အပေါ်တွင် ၃၀ ကျပ်အား နိုင်ငံတော်ကအပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ခြင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာလိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *