April 19, 2024

MT News

Written by Tha Doe

ဧရာဝတီသတင်းဌာန၏ သတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ သတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များ ရယူထားသူ ဦးသောင်းဝင်းသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် ဧရာဝတီသတင်းအေဂျင်စီ နှင့် ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှစတင်၍ ပိတ်သိမ်းလိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်းများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်မှတ်စည်းမျည်းများကို မလိုက်နာသဖြင့် ပြီးခဲ့သည့်လ ၂၀ အတွင်း လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းမီဒီယာလုပ်ငန်း ဆယ်ခုအထက်ရှိပြီး Mizzima၊ DVB၊ 7 Day၊ Myanmar Now၊ ခေတ်သစ်၊ Delta News Agency၊ ဝင်းတိုးအောင်၊ ရန်အောင်၊ ရွှေလာဘ်၊ ကန္တရဝတီတိုင်းမ်၊ ကံကောင်းခြင်းအိမ်ငယ်လေး စသည်ဖြင့် သတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်းများ လိုင်စင်ပိတ်သိမ်းခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *