April 26, 2024

ယာဥ်တိုက်မှုဖြစ်ပွား၍ ကူညီနေမှုကို တွေ့ရစဥ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

MT News

Written by Thettant

ရေနံချောင်း-ကျောက်ပန်းတောင်းကားလမ်းတွင် အောက်တိုဘာ ၂၉ နေ့နံနက်က ယာဥ်နှစ်စီးတိုက်မိသဖြင့် ၇ ဦး သေဆုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၂၉ ရက်နံနက် ၅ နာရီ ၅၅ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာအနီး၊ ရေနံချောင်း-ကျောက်ပန်းတောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ်(၃၇၈/၇)အနီးတွင် ရပ်ထားသည့် FUSO အမျိုးအစား(အဖြူကြား) ၁၂ ဘီးယာဉ်အား လားရာတူယာဉ်ကြောမှ မောင်းနှင်လာသော CANTER အမျိုးအစား (အဖြူရောင်) ယာဉ်သည် အနောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂွေးချိုနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၁၀ ဦး၊ မ ၉ ဦး စုစုပေါင်း ၁၉ ဦးတွင် ကျား ၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ကျား ၇ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရန်မီးသတ်လူနာတင်ယာဉ်တစ်စီး၊ မနောဖြူလူနာတင်ယာဉ်တစ်စီး၊ သုဂတိရှင် လူနာတင်ယာဉ်တစ်စီး၊ သုခိတာလူနာတင်ယာဉ်တစ်စီးတို့ဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *