၃၁.၇.၂၀၂၃
Written By Thandar

မြန်မာနိုင်ငံမှာ ပထမဆုံး Indian သီချင်းဖြစ်တဲ့ Ennakene Vandhai Short Musical Story Press Show ကို ဇူလိုင် ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သာယာရွှေပြည်လမ်းရှိ Birmania Cafe & Bistro မှာကျင်းပခဲ့ပါတယ်။

Bollywood Music Platform တစ်ခုဖြစ်တဲ့ ENVD Short Music Story and Production ရဲ့ အဆိုပါ Indian သီချင်းကိုလာမယ့် ဩဂုတ်လ ၁၂ ရက်မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ ငယ်ငယ်ထဲက သီချင်းတွေဆိုရတာ ဝါသနာပါတယ်။ Own Tune လည်းဖြစ်တယ်။ ဒီသီချင်းကို လွန်ခဲ့တဲ့ ၄ နှစ်လောက်ထဲက အရေးပိုင်းတွေ သံစဉ်ပိုင်းတွေ သေချာကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။ သူက အရင်က အမေရိကနေတာမို့ သူရေးပြီးသားကို ကျွန်တော်က မြန်မာပြည်ကနေ သံစဉ်ပိုင်းတွေ ဖန်တီးဖြစ်တယ်။ အချိန်မတူတာကြောင့် အိပ်ရေးတွေလည်း ပျက်ရတယ်။ စုံတွဲသီဆိုထားတဲ့ သီချင်းလေးပါ။ တမီလ်ဘာသာစကားနဲ့ သီဆိုထားတယ်ဆိုပေမယ့် လူတိုင်းနားထောင်လိုက်ရင် ခံစားလို့ရအောင် ဖန်တီးထားပါတယ်”လို့ အဆိုတော် Deva Raj နဲ့ Music Director Kuberan တို့က MT News ကို ပြောပါတယ်။

Ennakene Vandhai Short Musical Story ကို လူငယ်အဆိုတော် Deva Raj နဲ့ Music Director Kuberan က တီးခတ်ထားပြီးတော့ ဒါရိုက်တာ Kamal က လူငယ်တွေရဲ့ လတ်ဆတ်တဲ့စိတ်ကူးသစ်တွေနဲ့ Ramki Ye’koko နဲ့ Holly တို့က အကောင်းဆုံးပုံဖော် တင်ဆက်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *