၃၁. ၇. ၂၀၂၃
Written by Nay Moe

NUG ဩဇာခံ PDF များ၊ ပကဖများ၊ ပအဖများအနေဖြင့် NUG ၏ ဩဇာခံမှုမရှိသည့် LPDF ကဲ့သို့သော အခြားလက် နက်ကိုင်များနှင့် ပူးပေါင်းဆက်သွယ်၊ ဝင်ရောက်နေထိုင်ခွင့်မပြုရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပြီး ထိုညွှန်ကြားချက်ကို မြို့နယ်အလိုက် PDF များကို ထပ်ဆင့်ညွှန်ကြားနေသည်။

NUG ဩဇာခံ ဗိုလ်သံမဏိ၏ ယင်းမာပင် PDF အဖွဲ့က ဒေသခံကာကွယ်ရေးတပ်များဖြစ်သော Hero Tiger Force မှ LPDF များအပါအဝင် လူ ၂၀ ကျော်သတ်ဖြတ်မှုကို NUG က အရေးမယူရုံသာမက NUG ၏ လက်အောက်ခိုဝင်မှုမရှိသည့် နေရာအနှံ့အပြားမှ LPDF များကို ရှင်းလင်းရန် NUG က ညွှန်ကြားထားသည်ဟု ၂၀၂၂ ခုနှစ်အတွင်း သတင်းထွက်ခဲ့ပြီးနောက် NUG ၏ ဝက်လက်ပကဖအဖွဲ့က ဗိုလ်ကျားကြီး LPDF အဖွဲ့ဝင်သုံးဦးကို သတ်ဖြတ်ပြီး ကိုယ်ဝန်ဆောင် CDM ဆရာမတစ်ဦးအပါအဝင် ၆ ဦးဖမ်းဆီး၍ တိုင်ကြားသည်ကိုလည်း အရေးယူခြင်းမရှိချေ။ ထို့အပြင် ထိုသို့ PDF များ သတ်ဖြတ်ဖမ်းဆီးခံ ဗိုလ်ကျားကြီး LPDF အဖွဲ့ကို ကာကွယ်မည်ဟု ကြေညာချက်ထုတ်ခဲ့သော GZ Special Task Force အပါအဝင် LPDF အဖွဲ့များကိုလည်း ဝက်လက်ပကဖက ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်မှုများပြုလုပ်ခဲ့သည်။

အလားတူပင် NUG ဩဇာခံ ပုလဲမြို့နယ် ပကဖ၊ အယပအဖအဖွဲ့များနှင့် LPDF အဖွဲ့ဖြစ်သော ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော်အကြားတွင်လည်း အပြန်အလှန်ဖမ်းဆီးတိုက်ခိုက်မှုများဖြစ်ပွားနေသလို နေရာအနှံ့အပြားတွင်လည်း NUG ၏ ဩဇာခံ PDF များ၊ ပကဖများ၊ ပအဖများက ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို မကြာခဏဖမ်းဆီးသတ်ဖြတ်နေသည်။

လက်ရှိတွင်လည်း LPDF အဖွဲ့ဖြစ်သော ဇေယျာလွင်၏ 96 Soldier အဖွဲ့အား NUG ဩဇာခံ PDF များ၊ ပကဖများ၊ ပအဖများအခြေစိုက်နေရာတွင် နေထိုင်ခွင့်မပြုရန် ညွှန်ကြားချက်ကို NUG က ထုတ်ပြန်တားမြစ်ထားသည်ကို ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် 96 Soldier LPDF အဖွဲ့၏ ခေါင်းဆောင်သူ ဇေယျာလွင်က ၎င်း၏ Facebook တွင် ဖော်ပြထားသည်။

“Local PDF(LPDF) တွေကို မြေပြင်မှာ အချင်းချင်းကနေပြန်ပြီး ဖိနှိပ်နေတဲ့အဖြစ်အပျက်တွေ အများကြီးရှိတယ်” ဟု ဇေယျာလွင်က ရေးသားမျှဝေထားသည်။

NUG ဩဇာခံ PDF များ၊ ပကဖများ၊ ပအဖများအနေဖြင့် NUG ၏ ဩဇာခံမှုမရှိသည့် LPDF ကဲ့သို့သော အခြားလက်နက်ကိုင်များနှင့် ပူးပေါင်းဆက်သွယ်၊ ဝင်ရောက်နေထိုင်ခွင့်မပြုရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီး ထိုညွှန်ကြားချက်ကို ပကဖများ၊ ပအဖများက မြို့နယ်အလိုက် PDF များကို ထပ်ဆင့်ညွှန်ကြားနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *