MT News

Written By Thandar

မိသားစုဒရာမာ ဇာတ်လမ်းပုံစံ “နှလုံးသားမဲ့နှင်းဆီ” Heartless Rose ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်‌တော် ဇာတ်ကားမရိုက်ဖြစ်တာလည်း ၄ နှစ်ကျော် ၅ နှစ်လောက်ရှိပြီ။ ရှေ့မှာ Mini Series တစ်ကားတော့ ရိုက်ထားသေးတယ်။ ဒီဇာတ်လမ်းလေးက မိသားစုဒရာမာဇာတ်လမ်းလေး‌ပါ။ ရွှေဆိုင်ပိုင်ရှင် သူဌေးရဲ့သမီးက နန်းဆုရတီစိုးပေါ့။ သူတို့ရဲ့ ဦးလေးက လောဘဇောတက်ပြီး သူတို့မိသားစုကို လုပ်ကြံတယ်။ နန်းဆုက အတိတ်မေ့ပြီးတော့ နယ်တစ်ခုကို ရောက်သွားတဲ့ ဇာတ်အိမ်လေးတည်ထားပါတယ်”လို့ ဒါရိုက်တာ တင်အောင်ကျော်က ပြောပါတယ်။

ဇာတ်လမ်းနဲ့ဇာတ်ညွှန်းကို ဒီရေလှိုင်းက ရေးသားထားပြီး ဒါရိုက်တာ တင်အောင်ကျော်က သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ရဲအောင်၊ ဒေါက်တာ အောင်ကျော်မိုး၊ ကြည်ဖြူအောင်၊ ဂျွန်နိုင်အောင်၊ နန်းဆုရတီစိုး၊ ပိုးဝတီသာ၊ ရွန်းလဲ့မေအောင်၊ ဝင်းလဲ့ရွှေရည်၊ ကိုလေး (MDC)၊ ငြိမ်းချမ်းပိုင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင် စတဲ့သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။

“နှလုံးသားမဲ့နှင်းဆီ” ဇာတ်လမ်းတွဲကို ဩဂုတ်လဆန်းမှာစတင် ရိုက်ကူးပြီး Channel K ရုပ်သံလိုင်းက ထုတ်လွင့်ပြသသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *