MT Neews

Written By Thandar

MRTV-4 ရုပ်သံဇာတ်လမ်းတွဲ လေးကားက အနုပညာရှင်တွေရဲ့ Press Show နဲ့ Fan Meet ပွဲကို ဇူလိုင် ၂၈ ရက် ညနေပိုင်းက Myanmar Plaza မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အဖြူရောင်သက္ကရာဇ် ဇာတ်လမ်းတွဲကို ခုလို ချစ်ရတဲ့ပရိသတ်တွေ အားပေးလိမ့်မယ်လို့လည်း မထင်မိဘူး။ ခုခေတ်စားနေတဲ့ အလောင်ကားတွေကလည်း အရမ်းပေါက်နေချိန်ဆိုတော့လေ။ ခုလို ပရိသတ်တွေ ကျောင်းသား‌ ကားလေးကို အားပေးလို့လည်း ဝမ်းသာမိတယ်။ ပရိသတ်တွေ ဝက်ဝက်ကွဲအားပေးသလို ဇာတ်ဝင်ခန်းက ‌ဇာတ်ကောင်နာမည်တွေ မှတ်မိပြီး ဒီနာမည်တွေကို ခေါ်ကြလို့လည်း ပျော်ရပါတယ်”လို့ သရုပ်ဆောင် မိုက်မိုက်က ပြောပါတယ်။

ဒီပွဲကို “အဆိပ်လိုအချစ်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တဲ့ သာထက်ဉာဏ်ဇော်၊ ကောင်းဇံဟိန်း၊ ဆောင်းဝတ်ရည်မေ၊ ခန့်၊ ဂရိတ်ချမ်း၊ ခွန်ဆိုင်း၊ ကောင်းထက်သာ စသူတွေ တက်ရောက်ခဲ့ကြသလို” ပန်းထောင်ချောက်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သုတအောင်၊ ရှင်မွေလ၊ မာန်ဟိန်း၊ ခိုင်သဇင်ငုဝါ၊ မြတ်ကေသီအောင် စတဲ့သူတွေ တက်ရောက်ခဲ့ပြီး အမှတ်တရစကားတွေ ပြောခဲ့ကြပါတယ်။

အဲ့ဒိနောက်မှာ “ရောင်စုံခြယ်မြို့ကလေး”ဇာတ်လမ်းတွဲနဲ့ “အဖြူရောင်သက္ကရာဇ်”ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ကြသူတွေက ဇာတ်ဝင်တေးသီချင်းတွေ သီဆိုပြီး အမှတ်တရစကားတွေ ပြောကြားခဲ့ပါတယ်။ အဆိုပါအနုပညာရှင်တွေကို ပရိသတ်တွေကလည်း ဝက်ဝက်ကွဲ အားပေးခဲ့သလို FAN တွေနဲ့ လက်မှတ်ရေးထိုး အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *