Photo - MFSD & CJ

MT News

Written by Thettant

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၄/၇) နဲ့ (၂၅/ဝ)ကြားမှာ ယာဉ်တစ်စီး မီးလောင်မှု ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဥ်ဟာ ဇူလိုင် ၃၀ ရက် မနက် ၈ နာရီ ၇ မိနစ်လောက်မှာ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၄/၇)နဲ့(၂၅/ဝ)ကြားမှာ ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားတယ်လို့ သတင်းရတာကြောင့် အဆိုပါ မီးလောင်ကျွမ်းရာကို ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရပါတယ်။

“ကားက အိမ်စီးကားပါ။ တစ်စီးလုံးမီးလောင်သွားတာဆိုတော့ ဘာအမျိုးအစားလဲတော့ ကပ်မကြည့်ခဲ့ရလို့ မသိလိုက်ဘူး။ ကားပေါ်ပါတဲ့သူတွေကတော့ ဘေးကင်းပါတယ်” လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက MT News ကို ပြောပါတယ်။

ဒီယာဥ်မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က တစ်နာရီကျော် မီးငြှိမ်းသတ်ခဲ့ရပြီး ယာဥ်ကြောတွေလည်း ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ယာဥ်တစ်စီးလုံး ပျက်စီးခဲ့တယ်လို့လည်း သိရပြီး လက်ရှိမှာတော့ မီးလောင်မှုဖြစ်စဥ်စိစစ်ဆဲဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *