MT News

Written by Hey Nar

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ဖလုံဘူတာကျေးရွာမှာ မနေ့က ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခန့်က မာဂရီချောင်းရေမြင့်တက်လာတာကြောင့် လူနေအိမ်တွေ ရေနစ်မြုပ်မှုဖြစ်ပွား​ခဲ့တယ်လို့တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူထံက သိရပါတယ်။

တိုက်ကြီးမြို့နယ်နဲ့ ဥက္ကံမြို့နယ်ကြားက ဖလုံကျေးရွာပတ်ဝန်းကျင်တစ်ဝိုက် မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဆည်ကျိုးပေါက်ကာ ချောင်းရေလျှံတက်တဲ့ ဖြစ်စဥ်က အရင်နှစ်တွေကထက် ပိုမိုဆိုးတဲ့ အခြေအနေလို့ ဆိုပါတယ်။

တိုပ်ကြီးမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မှုးက “နှစ်တိုင်း ဝါဆို၊ ဝါခေါင်ဆို ဒီဘက်တွေက ရေမြှပ်တယ်။ မနေ့က ကျွန်တော်တို့ကို မိသားစု ၃ စု လှမ်းအကူအညီတောင်းတယ်။ သူတို့ဘက်မှာ ရေက ရင်ဆို့လောက်ရောက်နေလို့ ဆိုတာနဲ့ လှေနဲ့ သွားကူညီပေးဖြစ်တယ်။ ကျန်တဲ့ လူနေအိမ်ခြေတွေကတော့ သူတို့လှေနဲ့ သူတို့ ရွှေ့ကြတာပါ။ အခု မနက်ပိုင်းတော့ ရေပြန်ကျနေပါပြီ။ ဒါပေမယ့် မိုးအခြေအနေကတော့ တစ်ချက်ကြည့်ရမယ်”လို့ MT News ကို ပြောပါတယ် ။

ရေအများဆုံး ဝင်ရောက်နေတဲ့ ရပ်ကွက်က ဖလုံဘူတာရပ်ကွက်လို့ သိရပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ လူမှုရေးအသင်းအဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေသလို အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ကျွန်းတောကြီးဘုန်းတော်ကြီးကျောင်းကို ရွှေ့ပြောင်းပေးထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *