MT News

Written by Nay Moe

စစ်ကိုင်းမြို့နယ်လူမှုဖူလုံရေးရုံးကို PDF တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး Non CDM ဒုဦးစီးမှူး အမျိုးသမီး ၂ ဦး စိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဖြစ်စဥ်က စစ်ကိုင်းမြို့၊ ဈေးကုန်းရပ်မှာရှိတဲ့ စစ်ကိုင်းမြို့နယ်၊ လူမှုဖူလုံရေးရုံးကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်မှာ NUG ဩဇာခံ People’s Dictatorship Revolutionary Force က ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ရုံးဆင်းချိန်မှာ People’s Dictatorship Revolutionary Force က ဗုံးခွဲတိုက်ခိုက်တာကြောင့် နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့ ဒုဦးစီးမှူး ဒေါ်သဇင်ထွန်း (၄၃)နှစ်နဲ့ ဒုဦးစီးမှူးဒေါ်ခင်မျိုးသန်း (၄၆)နှစ်တို့ စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရကြောင်းလည်း PDF တွေရဲ့ လုပ်ဆောင်ချက်တွေ ဖော်ပြနေတဲ့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်​ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ယာယီသမ္မတဒူဝါလရှီးလဟာ သူတို့ရဲ့တော်လှန်ရေးနှစ်နှစ်အတွင်း စစ်သား၊ ရဲနဲ့ သူတို့နဲ့ဆက်စပ်တဲ့မိသားစု ၃၀၀၀၀ ကျော် သတ်ဖြတ်ထားပြီးပြီလို့ ဝန်ခံထားပြီး အဲဲဒီအထဲမှာ လက်နက်မဲ့ သံဃာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူနဲ့ ဆရာ၊ ဆရာမတွေ၊ ရပ်ကျေးတွေပါ ၆၁၀၀ အထက် သတ်ဖြတ်ခံထားရတယ်လို့ နစကစာရင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *