တစ်ပတ်အတွင်း ရွှေနှင့်ဒေါ်လာဈေး ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ

၂၉. ၇. ၂၀၂၃
Written by Nyein Kyaw

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု သတင်းထုတ်ပြန်အပြီး တစ်ပတ်အတွင်း ပြည်တွင်းရွှေဈေး ကျပ် ၃၆ သိန်းကျာ်နှင့် ဒေါ်လာဈေး ကျပ် ၃,၄၀၀ ကျော်သို့ မြင့်တက်ခဲ့ကြောင်း ပြည်တွင်း ရွှေနှင့် ဒေါ်လာဈေး အရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ဗဟိုဘဏ်က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ပြီး နောက်ရက်၌ပင် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိ ခုန်တက်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်(ယနေ့)တွင် အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၆၃၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၆၂၀,၀၀၀ အထိ ဖြစ်ပေါ်ခဲ့ကာ တစ်ပတ်အတွင်း ကျပ် ၃၅၀,၀၀၀ ဝန်းကျင် (၁၀ ရာခိုင်နှုန်းကျော်) မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဇူလိုင်လ ၂၃ ရက်အထိ တစ်ဒေါ်လာကို ကျပ် ၃,၁၀၀ ကျော်သာ ရှိခဲ့သည့် ဒေါ်လာဈေးနှုန်းသည်လည်း ယနေ့တွင် ရောင်းဈေး တစ်ဒေါ်လာ ကျပ် ၃,၄၄၀ နှင့် ဝယ်ဈေး ၃,၄၂၀ အထိ မြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာဈေးနှုန်း ကျပ် ၃၀၀ ကျော် (၁၀ ရာခိုင်နှုန်းကျော်) မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၂၇၇,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၁၀ ကျပ်၊ ဇူလိုင်လ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၅၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၆၀ ကျပ်၊ ဇူလိုင်လ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၄၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၀ ကျပ်၊ ဇူလိုင်လ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၄၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၀ ကျပ်၊ ဇူလိုင်လ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၃,၅၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၁၀ ကျပ်။ ဇူလိုင်လ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၃,၅၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၃၀ ကျပ်၊ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News