April 26, 2024

၂၈. ၁၀. ၂၀၂၂

Written by Nay Moe

ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာမှာ ကထိန်လှည့်နေချိန်မှာ PDF ၂၁ ဖွဲ့က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခဲ့တာကြောင့် ပျုလို့စွပ်စွဲခံရတဲ့ ဒေသခံသုံးဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိတယ်လို့ ShweBo Federal Army SBFA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ဇီးဖြူကုန်းရွာကို ပျုရွာလို့ ShweBo Federal Army SBFA က စွပ်စွဲထားပြီး လခရတွေ စခန်းချနေတာကြောင့် ဒီနေ့မနက် ၇ နာရီ မိနစ် ၂၀ မှာ ကထိန်ကျင်းပနေစဥ် လောင်ချာနဲ့ထုခဲ့လို့ ရွာကထိန်ကို PD သုံးလုံးထိမှန်ပြီး ကထိန်လှည့်လည်သူတွေ ငါးဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ပြည်သူတွေကထိန်လှည့်လည်နေစဥ် လူအုပ်ကြားထဲကို ပစ်ခတ်တာကြောင့် သေဆုံးဒဏ်ရာရတဲ့ ထိမှန်သူတွေဟာ ပျုစောထီးတွေနဲ့ လခရတွေပဲဖြစ်တယ်လို့ ဘယ်လိုအတည်ပြုခဲ့တာလဲဆိုတာ ရှင်းလင်းမှုမရှိသေးသလို SAC ဘက်ကလည်း လက်ရှိအချိန်ထိတော့ ထုတ်ပြန်မှု မရှိသေးပါဘူး။

ဇီးဖြူကုန်းရွာ ကထိန်လှည့်နေချိန် လောင်ချာနဲ့ ပစ်ခတ်ခဲ့တဲ့ PDF ၂၁ ဖွဲ့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၃)၊ ရွှေဘိုခရိုင် တပ်ရင်း(၄) တပ်ခွဲ(၄) ၊ ShweBo Federal Army SBFA ၊ BLACK TIGER -SHWE BO ၊ C&T SHWE BO(LDF) ၊ SNAKE EYE(LDF) ၊ Alpha 7 (LDF)၊ ရွှေဘိုစွန်ရဲ (LDF) ၊ ဗိုလ်ကျားရိုင်း ရွှေဘို (LDF)၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မြင်းပျံ (LPDF)၊ ဒေါင်းမာန် ရွှေဘို (LDF)၊ မဟူရာရွှေဘိုသား (LDF) ၊ Bo Ba Taw (LDF)၊ ဇာမဏီဒေါင်း (LDF)၊ ဇေယျာသွေး ကျားရိုင်း(LDF)၊ Shwebo Eye For Eye (PDF)၊ Magic Dragon Shwebo (LDF)၊ MDF Shwebo၊ God OF Satans (PDF) နှင့် ရွှေဘိုမြို့နယ်တိုက်နယ် -၂ ( ပ.က.ဖ ) အဖွဲ့တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

Movie – ShweBo Federal Army SBFA

Leave a Reply

Your email address will not be published. Required fields are marked *