အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမ္မာန်စာမူဆုများ ရွေးချယ်ထားမှုကို ကြေညာထားမှု

၂၈. ၁၀. ၂၀၂၂
Written by Tha Doe

အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမ္မာန်စာမူဆုများ ၂၀၂၁ ခုနှစ်အတွက် ရွေးချယ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ကြေညာထားသည်။

အမျိုးသားစာပေတစ်သက်တာဆုအတွက် တက္ကသိုလ် မြတ်သူ၊ မြင်းမူမောင်နိုင်မိုး၊ ဒေါက်တာမျိုးသန့်တင်၊ဒေါက်တာမတင်ဝင်းတို့အား ၂ဝ၂၁ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခဲ့သည်။

ထိုနည်းတူ အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏အမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဝတ္ထုတိုဆုတွင် မင်းခိုက်စိုးစန်ရေးသားသည့် ဂျစ်ကန်ကန်ဝတ္ထုတိုများစာအုပ်၊ စာပဒေသာဆုတွင် စိုးတင့်(ဧရာဝတီ) ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံစာအုပ်၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆုတွင် ရွှေကူနန်းနွဲ့နွဲ့ရေးသားသည့် ညောင်ရမ်းခေတ်ဝန်ကြီးပဒေသရာဇာ၏ မဏိကက် ပြဇာတ်ကို တေးဂီတရှုထောင့်မှလေ့လာခြင်းစာအုပ်၊ လူငယ်စာပေဆုတွင် အကြီးကိုကို(ကသာ)ရေးသားသည့် လူငယ် ၁ဝဝ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ စာအုပ်၊ ဘာသာပြန်(သုတ)ဆုတွင် သက်ဆွေရေးသားသည့် အရှက်တကွဲ အကျိုးနည်းစာအုပ်၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပန်းတနော်ခင်မောင်မြင့် ရေးသားသည့် ရာမည စာအုပ်၊ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုတွင် ဒေါက်တာသန်းထိုက်ရေးသားသည့် သိပ္ပံနည်းကျဒေတာလမ်းပြ စားသောက်ကုန် တာရှည်ခံထိန်းဓာတုပစ္စည်းများ စံချိန်စံညွှန်းပြည့်မီ စွာအသုံးပြုနည်းစာအုပ်၊ အင်္ဂလိပ်ဘာသာ(သုတ) ဆုတွင် Maw Thar Htwe (Mandalay) ရေးသားသည့် GLOBAL PERSPECTIVE VIEWS ON ENERGY AND ELECTRICITY 3၊ အင်္ဂလိပ်ဘာသာ(ရသ)ဆုတွင် Maung Swe Ngae ရေးသားသည့် Through the Window of Sarpay Beikman စာအုပ်တို့ကို ရွေးချယ်ကြောင်း ကြေညာသည်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် သိန်း ၃ဝ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ကကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည် စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

စာပေဗိမ္မာန် ဝတ္ထုရှည်ဆုတွင် ပထမဆုကို ကိုထွန်း(ကျယ်ဂေါင်)၏ ကြိုလင့်နေပါ မြသီတာ၊ ဒုတိယဆုကို သန်းဝင်းထွန်း(ဆွာ)၏ ကြွေလုလုဝေ၊ တတိယဆုကို ကိုရင်ကျော်၏ အရိုင်းပန်းတစ်ပွင့် အလှဂုဏ်တင့်လေ တော့ စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို ရဲမင်းစိုး၏ တိမ်တွေလွင့်မျောနေသည်နှင့် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို တက္ကသိုလ်မြမဉ္ဇူ၏ ဘဝမြစ်ပြင်ကျယ်နှင့် အခြား ဝတ္ထုတိုများ၊ တတိယဆုကို သခင်(ဇလွန်မြေ)၏အိမ်နှင့်အခြားဝတ္ထုတို များ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို စဆနိုင်၏ အမေပေးသောကဗျာများ၊ ဒုတိယဆုကို သမီးပျို၏ မြင်းမိုရ်သို့ ပန်းသဝဏ်လွှာ၊ တတိယဆုကို ဇလွန်ကျော်ဦး၏ ပန်းပြလမ်းနှင့် အခြားကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် ပထမဆုကို သောင်းညွန့်သစ်(အမျိုးသားစာပေဆုရ)၏ ခေတ်အဆက်ဆက် မြန်မာ့သစ်တောများ စီမံအုပ်ချုပ်မှု၊ ဒုတိယဆုကို အရှင် ရေဝတ(ရွှေကွမ်းသား)၏ဘိုကလေး၏မှတ်တမ်းဇာတ်လမ်းအလင်္ကာ၊ တတိယဆုကို လွင်မြန်မာ(မန်းတက္ကသိုလ်)၏ မော်ကွန်းကဗျာအညွှန်း စာမူများကလည်းကောင်း၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) ဆုတွင် ပထမဆုကို ဇော်လွင်ဦး(ဟင်္သာတ)၏ မင်းပူးဆရာတော် ဦးဩဘာသဝေဿန္တရာဇာတ်တော်ကြီးလာအပင်များနှင့် တတိယဆုတွင် ကိုထွန်းလူ(ခြံစိုက်ပျိုးသူ)၏ မက္ကဒေးမီးယားနှစ်ရှည်ပင်များ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း စာမူများက ရရှိခဲ့သည်။

စာပဒေသာဆုတွင် ပထမဆုကို မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၏ ရှေးမြို့ဟောင်းများသမိုင်းခြေရာခံ ခရီးသွားလေ့လာရေးဆောင်းပါးများ၊ ဒုတိယဆုကို ယဉ်အောင်ဟိန်း၏ ကျောက်သမား၊ ကျောက်စိမ်း နှင့် ကျောက်လောက၊ တတိယဆုကို နွေကံ့ကော်(မြို့လှ)၏အတွေ့ အကြုံအဖုံဖုံ ပြည်ပပညာတော်သင်မှတ်တမ်းစုံ စာမူများက လည်း ကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ဒုတိယ ဆုကို မင်းလွင်ဦး(အောင်ပန်း)၏ တောင်ရိုးနှင့် တတိယဆုကို မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၏ မြန်မာမှုနယ်မှ ပလ္လင်အလှ စာမူများ ကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ပုလောစိုးနံ့သာ၏ စက္ကူလေယာဉ်ပျံ ကဗျာများ၊ ဒုတိယဆုကို သက်ဦးခင်၏ မင်္ဂလာရှိ သောနေ့နှင့် ကလေးဝတ္ထုတိုများ၊ တတိယဆုကို ရဲဘော်မြသိန်း(ဟိုပုံး) ၏သုတ၊ ရသအလှဝေဖြာကလေးကဗျာများစာမူများကလည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို နွေကံ့ကော်(မြို့လှ)၏လူ့ဘဝခဏတာ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့၊ ဒုတိယဆုကို ရေနံ့သာမောင်ကျော် ညွန့်၏ ရေအဆန်လေထန်ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီ၊ တတိယဆု ကို ဇော်မြင့်နီ၏ ပန်းတွေပွင့်တဲ့ ကမ္ဘာလူငယ် ဝတ္ထုတိုများ စာမူများက လည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ပထမဆုကို မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၏ မြန်မာ့သွေးနှင့် တတိယဆုကို မောင်စိုးထိုက် (သုံးဆယ်)၏ ဘဝဇာတ်ခုံပေါ်က ရသများ စာမူများကလည်းကောင်း၊ ဘာသာပြန်ဆုတွင် ပထမဆုကို ဇွဲ၏ ပင်လယ်ပျော်နှင့် လက်ရွေးစင် ဝတ္ထုတိုများမှ ကောက်နုတ်သော ဝတ္ထုတိုသုံးပုဒ် စာမူများကလည်းကောင်းရရှိသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆု ကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁ဝ သိန်း၊ တတိယဆု ကျပ် ခုနစ်သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါဆုများကို ၁၃၈၄ခုနှစ် နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ကျင်းပမည့်အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *