၂၈. ၁၀. ၂၀၂၂

Written by Nay Moe

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သေချာရေရာမှု ကင်းမဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်လက်သင့်ခံနေခြင်းအားဖြင့် စစ်ပွဲကို အဆုံးသတ်ရမည့် ၎င်း၏တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီဟု ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ယနေ့တွင် စွပ်စွဲချက် ထုတ်​ပြန်လိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှု အခြေအနေ အကဲဖြတ်သုံးသပ်သည့် အထူးအစည်းအဝေးကို ကြာသပတေးနေ့တွင် အပြီးသတ်ဆွေးနွေးခဲ့သည်။ SAC က ဘုံသဘောတူညီချက်ငါးရပ်ကို လုံးဝမထီမဲ့မြင်လုပ်နေသည့်တိုင် အာဆီယံသည်၎င်း၏ အရေးပါမှုကို အခိုင်အမာပြောဆိုကာ ကျရှုံးနေသည့် ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ကိုင်စွဲရန် ရွေးချယ်ခဲ့သည်ဟု အထက်ပါ သုံးဖွဲ့က စွပ်စွဲခဲ့သည်။

“ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် တာဝန်ရှိတဲ့ စစ်အုပ်စု​နဲ့ နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေ ရေးနေလုပ်နေတဲ့အချိန်မှာ မြေပြင်မှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဧရာမစိန်ခေါ်မှုတွေကို ချက်ချင်းကျော်လွှားနိုင်ဖို့နဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက် အပါအဝင် အန္တရာယ်ကျရောက်နိုင်ခြေအများဆုံးနဲ့ အကူအညီအလိုအပ်ဆုံးသူတွေကို အကူအညီတွေ ချက်ချင်း ပံ့ပိုးနိုင်ဖို့အတွက် တုံ့ပြန်ဆောင်ရွက်နေသူတွေဟာ ဒေသခံအောက်ခြေလူထုကွန်ရက်တွေပဲ ဖြစ်ပါတယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ နော်ဆဲဆဲကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *