၂၂.၇.၂၀၂၃
Written By Thandar

ဇာတ်ကားသစ်တွေနဲ့ ဇာတ်လမ်းတွဲသစ်တွေကို တင်ဆက်ပြသမယ့် Hey Play Application သစ် မိတ်ဆက်ပွဲကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာကျင်းပခဲ့ရာ နာမည်ကြီးအနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။

ဒီမိတ်ဆက်ပွဲကို နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ မြင့်မြတ်၊ နေမင်း၊ ကျော်ကျော်ဗိုလ်၊ အောင်ရဲလင်း၊ ထွန်းထွန်း၊ ရွှေထူး၊ ဟဲလေး၊ ရဲရင့်အောင်၊ ဂျိုကာ၊ အောင်လေး၊ ချာလီ၊ တိုင်ရွန်၊ ဝင်းခန့်မိုး၊ နေဝင်း၊ ညိမ်းသော်၊ ကောင်းပြည့်၊ ခင်ဇာခြည်ကျော်၊ ချောရတနာ၊ အေးမြတ်သူ၊ ခင်ဝင့်ဝါ၊ မေမီကိုကို၊ ‌ဆုထက်လှိုင်၊ သံသာမိုးသိမ့်၊ နန်းခင်ဇေယျာ၊ နော်ဖောအယ်လ်ထား၊ ထွန်းပုလဲရတနာ၊ မေလသံစဥ်၊ အေးမြဖြူ၊ L ဘောက်နူး၊ ဒါရိုက်တာ နေပိုင်၊ ဒါရိုက်တာ သားညီ၊ ဒါရိုက်တာ ပြည့်ဖြိုးနိုင် စတဲ့အနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။

“အခုလို အနုပညာတင်ဆက်မှု Platform အသစ်တွေပေါ်ထွက်လာတာ ဝမ်းသာစရာဖြစ်တဲ့အတွက် Hey Play App ကိုလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ကျွန်တော့်ရဲ့ ဇာတ်ကားသစ်လေးတွေကိုလည်း တင်ဆက်သွားမှာပါ။ တစ်ခါမှ မမြင်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးတွေနဲ့ တင်ဆက်ဖို့လည်း စီစဥ်ထားပါတယ်။ Hey Play ကိုလည်းအားပေးကြပါဦး”လို့ အကယ်ဒမီ နေတိုးက‌ ပြောပါတယ်။

Hey Play ‌အပလီကေးရှင်းက ဒီနေ့ ဇူလိုင် ၂၂ ရက်ကစတင်ပြီး ” ကျော်ဇော်မော်ဇော်” ဇာတ်လမ်းတွဲကို စတင်ပြသထားပြီးဖြစ်ပါတယ်။ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ” ကျော်ဇော်မော်ဇော်” ဇာတ်လမ်းတွဲမှာ မြင့်မြတ်၊ လွှမ်းပိုင်၊ဂျိုကာ၊ သံသာမိုးသိမ့်၊ ထွန်းပုလဲရတနာနဲ့ အနုပညာရှင်များစွာ ပါဝင်ထားတာဖြစ်ပါတယ်။

” ချောပါဝင်ထားတဲ့ ပိုးဝင်္ကပါ ဇာတ်လမ်းတွဲလေးကို Hey Play မှာပြသသွားမှာပါ။ ဒီဇာတ်လမ်းတွဲလေးတွေကို ခိုးကူးတွေကနေ မဟုတ်ဘဲ Hey Play App ကနေပဲ ကြည့်ရှုပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ သရုပ်ဆောင် အကယ်ဒမီ ချောရတနာက ပြောပါတယ်။

Hey Play မှာ တင်ဆက်မယ့် ဇာတ်ကားတွေကို ၅၀ ရာခိုင်နှုန်းနဲ့ အခမဲ့ကြည့်ရှုနိုင်မှာဖြစ်သလို ကျန်ဇာတ်ကား‌တွေကိုလည်း သက်သာသောနှုန်းထားတွေနဲ့ ကြည့်ရှုနိုင်ဖို့ တင်ဆက်သွားမယ်လို့ သိရပါတယ်။

ဒီအပလီကေးရှင်းမှာ ဒါရိုက်တာ သြရသရိုက်ကူးပြီး နေတိုးနဲ့ မိုးဟေကိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ” မောင်တို့ ယောက်ျားတွေရယ်” ဇာတ်ကား၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ ပါဝင်ထားတဲ့ ” အဆိပ်သင့် ရင်ခွင် ” ၊ ဒါရိုက်တာ ကောင်းဇံရိုက်ကူးပြီး ဝင်းခန့်မိုး၊ အေးမြတ်သူ၊ ခင်ဝင့်ဝါ၊ Lဘောက်နူးတို့ ပါဝင်ထားတဲ့ ” မှော်ဝင် ဖိတ်စာ”၊ ​ဒါရိုက်တာ ပြည့်ဖြိုးနိုင် ရိုက်ကူးပြီး ချောရတနာ၊ အိချောပို၊ ချာလီ၊ နေထွဋ်၊ နေ့သစ်အေးအောင်၊ မင်းဦး၊ မင်းသူ၊ ဝမ်ဝမ်း၊ ခင်မို့မို့အေးနဲ့အနုပညာရှင်တွေပါဝင်ထားတဲ့ ” ပိုးဝင်္ကပါ”၊ ဒါရိုက်တာ နေပိုင်ရိုက်ကူးပြီး ထွန်းထွန်း၊ ရဲရင့်အောင်၊ ညိမ်းသော်၊ နေဝင်း၊ ရွှေသမီးနဲ့ အနုပ ညာရှင်များစွာပါဝင်မယ့် ” ရေသေအိုင်” စတဲ့ ဇာတ်လမ်းတွဲသစ်‌တွေကိုလည်း တင်ဆက်‌ပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *