MT News

Written by Thettant

ကိုးတန်းအောင်ထားသူများ၊ ဆယ်တန်းမဖြေသူများနှင့်ဆယ်တန်းသင်ရိုး နောက်ဆုံးစာမေးပွဲကျရှုံးသူများ အားလုံးကို ၂၀၂၄ တက္ကသိုလ်ဝင် Grade 12 စာမေးပွဲ၌ အပြင်ဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ကြေညာသည်။

၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်ရာတွင် “စနစ်ဟောင်း နဝမတန်း/ Grade 10 အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် စနစ်ဟောင်း ဒသမတန်း/ Grade 11 တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ အားလုံးသည် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် စနစ်သစ် ဒွါဒသမတန်း/ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအနေဖြင့် ဖြေဆိုခွင့်ရှိကြောင်း ကြေညာအပ်ပါသည်”ဟု အသိပေးထားသည်။

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး အောင်မြင်သူ တစ်သိန်းသုံးသောင်းကျော်ရှိခဲ့ကာ စနစ်ဟောင်း နောက်ဆုံးစာမေးပွဲဖြစ်သည့် ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကိုမူ ကျောင်း သား၊ ကျောင်းသူ ၁၆၁၈၅၀ ဖြေဆိုခဲ့ကာ ၁၀၉၈၅၁ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *